Knowledge


ကြက်သီးထမျက်ရည်ပါကျမိတဲ့ ယနေ့ Gen Zလူငယ်များရဲ့ ရဲရဲတောက်တိုက်ပွဲ၀င်ပုံရိပ်များ

တောင်းပန်ပါတယ်

အစက တကယ်ကိုလူငယ်လေးတွေကို အဲ့လောက်မထင်ခဲ့ဘူး ..

PUBG MLတို့ပဲဆော့နေတဲ့ချာတိတ်တွေလို့ ထင်ခဲ့ဖူးတယ်

ခုတော့ မျက်ရည်ပါကျမိတယ်..

ဒီကောင်တွေ အပြင်မှာပါတကယ်ချတာဟ

PUBG ထဲကလို ကျည်မှန်ရင်နောက်တစ်ပွဲ ထပ်ဆော့လို့မရမှန်းသိသိနဲ့ကို ဆော်တဲ့ ညီငယ်လေးတွေ

ကျေးဇူးတင်လေးစားတယ်ကွာ

ကြွေးကျော်သံက မိုက်တယ် ..

“၈၈ က စောက် ချိုးမျိုး၂၁ မှာ လာမလုပ်နဲ့”တဲ့

ကြက်သီးပါထတယ်
အရေးတော်ပုံ အောင်ကို အောင်ရမည်။

မတ်လ ၂ ရက်နေ့ အင်းစိန်လမ်းမ ဆင်ရေတွင်းမှတ်တိုင်အနီးတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များက အရံအတားများပြုလုပ်ပြီး မနက် ၈ နာရီဝန်းကျင်ကတည်းက စတင်ဆန္ဒပြနေကြပြီဖြစ်သည်။

လူငယ်များသည် လှိုင်မြို့နယ်ပြည်သူများနှင့် ပူးပေါင်း၍ အရံအတားများကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ကြသည်။

လူငယ်ဒိုင်းကာအဖွဲ့အများအပြားက ရှေ့တန်းကနေ ကာကွယ်ပေးနေကြသည်။

နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရဲများက ပထမဆုံးအကြိမ်အဖြစ် မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ ရာဘာကျည်များဖြင့် စတင်ဖြိုခွင်းပစ်ခတ်သဖြင့် အရံအတားများ၊ ဒိုင်းကာများဖြင့် ကာကွယ်ခြင်း၊ မျက်ရည်ယိုဗုံးများကို ရေအိပ်များ ရေစိုအဝတ်များဖြင့် ဖုံးအုပ်ကာ နောက်သို့ လုံးဝမဆုတ်ဘဲ ကာကွယ်ခဲ့ကြသည်။

ဒုတိယအကြိမ်ဖြိုခွဲရာတွင် လူငယ်များက အရံအတားနောက်တစ်ခုနောက်သို့ အနည်းငယ်ဆုတ်ခွာပေးခဲ့ကြသည်။

နာရီဝက်အကြာတွင် ရဲများက ထပ်မံဖြိုခွင်းခဲ့ပြီး စစ်တပ်ပါ ဆက်လက်ဝင်ရောက်လာကာ ဆန္ဒပြလူငယ်များကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ယင်းနေရာတွင် စစ်တပ်နှင့် ရဲများ ၃ နာရီကြာ တပ်စွဲထားပြီး လူငယ်များက လမ်းကြားများထဲပတ်ကာ ဘူတာရုံလမ်းအနီးတွင် ထပ်မံစုဝေးဆန္ဒပြခဲ့ကြသည်။ ညနေ ၃ နာရီခွဲတွင် လူစုခွဲခဲ့ကြသည်။

ယနေ့ အင်းစိန်လမ်းမပေါ်သပိတ်တွင် ထိခိုက်ဒဏ်ရာရသူ အနည်းငယ်ရှိခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံရသည်ဟု ဆန္ဒပြသူများက ပြောသည်။ လက်ရှိ ညပိုင်းအချိန်အထိ အင်းစိန်လမ်းမပေါ်တွင် စစ်တပ်များ တပ်စွဲထားဆဲဖြစ်သည်။

Photo credit

Myanmar now

DVB Burmese

7 Days TV