Knowledge


သွားတော့မယ် သိမ့်ရေ ကိုယ့်ခလေးလေးရေ

နွေဦးဟာ ပန်းတွေမကြွေပဲ ကျည်ဆံတွေတဖွဲဖွဲ

ကိုယ့်သွေးတွေနဲ့ တွန်းပို့ခဲ့တဲ့ တော်လှန်ရေးလေ

ဂရုစိုက်ပါကလွဲပြီး ကိုယ်ပြောလို့မရတော့တဲ့စကားတွေ

သိမ့်ကြားမှာပေါ့ သိမ့်အားငယ်နေမလား

သိမ့်ကိုမျက်ရည်ကျစေခဲ့လို့ အားနာတယ်

ကိုယ်ပြန်မရောက်တော့တာကို ခွင့်လွှတ်ပေးပါ

အတူတူရင်ဆိုင်ဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ကိုယ်မပါလာတော့တဲ့ခရီးကို

တစ်ယောက်ယောက်နဲ့ ဆက်လျှောက်ပေးပါကွယ်

ဖုန်းတွေအကြာကြီးမပြောနိုင်တော့ဘူး မဟုတ်ဘူး

ကိုယ်တို့ဖုန်းနဲ့တောင် ဆက်သွယ်ခွင့်မရတော့ဘူး

လူကြီးမင်းခေါ်ဆိုတယ်လီဖုန်းမှာ ဆိုတဲ့ အသံတွေကြားတိုင်း

သိမ့်စိတ်မကောက်နဲ့တော့နော်

သိမ့်ရေ နောက်ဘဝတွေကျရင်

တကယ်ပေါင်းကြမယ်နော် ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့ ခလေးလေး

ဒီနွေဦးပြီးရင် သိမ့်ငိုတော့မလား စိတ်မဆိုးနဲ့နော်

ကိုယ်ပြန်လာလို့မရတော့ဘူးလေ ကိုယ်အဝေးကြီးသွားနေရပြီ

ချစ်ရတဲ့သိမ့်နဲ့ အဝေးကြီးဆီ သိမ့်ရေ

ရက်စက်မှုတွေကြားမှာ ပြုတ်ကျသွားတဲ့ လက်ကလေးကို သတိရတိုင်းမငိုနဲ့နော် ကိုယ်လာချော့လို့မရတော့ဘူး

​ရီလိုက်ရင် ပန်းတွေပွင့်တဲ့ သိမ့် ကိုယ်အဲ့ဒီပန်းတွေကို မခူးနိုင်တော့ဘူး

ကိုယ့်ကိုခွင့်လွှတ်ကွာ စိတ်မပူနဲ့လို့ပြောပြီး ပြန်မလာတော့တဲ့ ကိုယ့်ကို စိတ်မကောက်ဖို့ ကိုယ်ပြောချင်သေးတယ်

သိမ့်ရေ ဒီတစ်ခါကိုယ်တို့တကယ်ခွဲရတာတဲ့ ဘယ်လောက်ရက်စက်တဲ့ ကံတရားလဲ

စိတ်ပူတယ် အစစအရာရာဂရုစိုက်ပြီး ကိုယ်ခင်းတဲ့လမ်းပေါ်

တော်လှန်ရေးကို တွန်းပို့ပေးပါကွယ် ကိုယ့်အတွက် သိမ့်ဂုဏ်ယူနေမယ်လို့

ကိုယ်မျှော်လင့်မိတယ် သိမ့်ရေ ကိုယ်သွားပြီ ဟိုးအဝေးကြီးထိ ………….။

Crd