Celebrity

သိန်း ၁၈၀ ပေးပြီး ဟော်တယ်အတင်းလာခိုင်းတဲ့ အကြောင်း ပြောပြလာတဲ့ ပတ်ထရစ်ရှာ…







unicode

အခုလိုအခြေအနေမျိုးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့သူမကို နာမည်ဖျက်ဖို့ကြိုးစားကြသူတွေရှိကြောင်း ပြောပြလာတဲ့ ပတ်ထရစ်ရှာ–ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ ဗီဒီယိုဇာတ်ကားတွေကတစ်ဆင့် အနုပညာလမ်းကြောင်းထက်ကို လျှောက်လှမ်းလာခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်အားပေးမှုနဲ့ အချိန်ခဏလေးအတွင်း အောင်မြင်မှုတွေကို ရရှိခဲ့တဲ့ သူမက ရုပ်ရှင်ဇာတ်ကားတွေအပြင် photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေတာကို တွေ့ရပါတယ်။ အခုလို မတည်ငြိမ်သေးတဲ့ အခြေအနေမျိုးမှာတော့ ပစ်ထရစ်ရှာက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာပဲ ဖြစ်ပါတယ်။

လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတဲ့ သူမကို လူတစ်စုက နာမည်ဖျက်ဖို့ကြိုးစားနေတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ စာသားလေးအချို့ရေးသားတင်ပေးလာခဲ့ပါတယ်။ဒါကတော့ ပတ်ထရစ်ရှာက ” နေ့လည် ၃:၀၀ နာရီ က ကျွန်မ post တစ်ခုတင်ဖို့အတွက် အလုပ်ရှုပ်နေတုန်းမှာ ရင်းနီးတဲ့ အသိတစ်ယောက်ကတစ်ဆင့် ဖုန်းဆက်လာတယ် ….

နာမည်ကြီး ဗိုလ်ချုပ်ကြီးရဲ့ သားတစ်ယောက်က ကျွန်မကိုကြိုက်လို့ သိန်း ၁၈၀ ပေးမယ်ဆိုပြီး မိတ်ဆက်ခိုင်းတယ်တဲ့ရှင် Hotel နာမည်ပါထည့်ပြောလိုက်သေးသတဲ့ အကြံပက်စက်ချက်နော် ဘယ်လောက်ယုတ်မာချင်နေလဲဆိုတာ တွေးသာကြည့်တော့.ကျွန်မတို့ကို စောက်မြင်ကပ်နေတယ်ဆိုတာ ကောင်းကောင်းကြီး နားလည်သိရှိပြီးသားပါ ….

ဘာအကြံအစည်ရှိတယ် ဘာလိုချင်တယ်ဆိုတာကိုလည်း သိပါတယ်နော် ဟုတ်ကဲ့ ကျမတို့က ရှင်တို့လိုတော့ မချမ်းသာပါဘူး။ကျွန်မတို့တွေ ဒီကာလမှာ အလုပ်မရှိတော့ ဝင်ငွေလုံးဝမရှိ ထွက်ငွေသာရှိပါတယ် ဒါပေမယ့်လေ ခြွေခြွေတာတာလေးနဲ့ နေနေတယ် ရှိတာပဲဝတ်မယ် ရှိတာနဲ့ စားမယ် မပြောရဲမဆိုရဲ အပေါက်ပိတ်နေမယ့် သူဖြစ်အောင်တော့ ဇာတ်လာမသိမ်းသွင်းနဲ့ sorry ပဲ ” ဆိုပြီး ရေးသားတင်ပေးလာပဲ ဖြစ်ပါတယ်။

တမင်ကြံစည်ပြီး နာမည်ဖျက်ဖို့ကြိုးစားနေတဲ့ သူတွေရှိကြောင်းပရိသတ်တွေ သိရှိစေဖို့အတွက် ပတ်ထရစ်ရှာရဲ့ စာသားလေးတွေနဲ့ ပုံအချို့ကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်