Celebrity








unicode

မိသားစုနဲ့အဆက်အသွယ်မရကာပျောက်ဆုံးနေတဲ့ပိုင်တံခွန်

မင်္ဂလာပါပရိတ်သတ်ကြီးရေ…..ပြည်တွင်းမှာပါမက ပြည်ပနိုင်ငံများထိအောင ်အောင်မြင်ကျော်ကြားနေတဲ့ ပရိတ်သတ်တွေ အချစ်တော် ပိုင်တံခွန်ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူတွေနဲ့အတူ အမြဲရှိနေပြီး ဆန္ဒဖော်ထုတ်လျှက်ရှိပါတယ်။

သရုပ်ဆောင် ပိုင်တံခွန်ကို မနေ့ကညဦးပိုင်းမှာ လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းများထွက်ပေါ်နေချိန်မှာ ပဲပိုင်တံခွန်ရဲ့အမဖြစ်သူက မေချစ်သွေး”ကသူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ အခုလိုတင်ထားခဲ့ပါတယ်။

“ညီမ Paing Takhonရဲ့ အစ်မပါပိုင်နဲ့ လွန်ခဲ့တဲ့1နာရီကအဆက်သွယ်ရပါတယ်။အခုလုံးဝ ဆက်သွယ်မရလို့ ညီမတို့လည်းစိတ်ပူနေပါတယ်။ဘာမှမဖြစ်ရင်တော့ အကောင်းဆုံးပါ…..။

ပိုင့်ပရိတ်သတ်တွေ အခြေနေတခုခုသိရရင်လည်း ညီမတို့ကိုပြန်ပြောပေးပါ”ဆိုပြီး လူမှုကွန်ယက ်စာမျက်နှာမှာရေးသားကာတင်ထားခဲ့ပါတယ်။ပြည်သူချစ် အနုပညာရှင် ပိုင်တံခွန် ဘေးကင်းဖို့ပြည်သူတွေကလဲ ဝိုင်းဝန်းစိတ်ပူဆုတောင်းနေကြပါတယ်။

ပိုင်တံခွန်ကို ချစ်တဲ့ပရိတ်သတ်တွေလဲ ပိုင်တံခွန်အတွက် ဘေးအန္တရာယ်ကင်းပါစေလို့ဆုတောင်းပေးကြပါအုံးနော်။