Knowledge

“ မခံစားနိုင်ဘူး သားရယ် … မေမေ မဖြေနိုင်သေးဘူး သား ဆိုတဲ့ ကိုညီညီအောင်ထက်နိုင်အကြောင်း ပြောပြလာတဲ့ မိခင် ”

မခံစားနိုင်ဘူးသားရယ် မေမေမဖြေနိုင်သေးဘူးသား။ခေါင်းအုံးအောက်မှာသားပိုက်ဆံထားခဲ့တယ်လေငါးထောင်တန်တွေ မေမေသုံးဖို့ဆို ၂၆ရက်နေ့က မေမေအခုမှတွေ့တယ်သားရဲ့ မေမေသွားမကြည့်နိုင်ဘူး သားထားခဲ့တဲ့ပိုက်ဆံ။ဖုန်းကိုလည်းမေမေမကြည့်နိုင်ဘူး သားပုံတွေချည်းပဲတက်တက်နေလို့

မေမေဘယ်လောက်ချစ်တယ်သိလားသား။အခုမှချစ်ပြနေတာမဟုတ်ဘူး မွေးကတည်းကမေမေကချစ်တာလေသားတို့ကို မေမေကသားကိုလည်းချစ်တယ် သားကြီးကိုလည်းမေမေအရမ်းချစ်တာ မေမေအမြဲဂုဏ်ယူတယ်လေ မေမေ့သားလေးတွေပညာတော်တဲ့အကြောင်း စာတော်တဲ့အကြောင်းကြွားရတာအမော

သားက စာလုပ်ဖြစ်မှာမဟုတ်ဘူး ကိုကို့ကိုပဲကျောင်းထားလိုက်ပါဆိုပီးအရမ်းသိတတ်တဲ့သားလေး အမယ်လေး စာတော်တဲ့ကလေးပညာတတ်တဲ့ကလေးမှရွေးပစ်တာလားဒီအမြွှာလေးပဲရှိတာလေမေမေ့မှာ အခုတော့ဘက်ပဲ့သွားပြီပေါ့။

ဒီပြင့်ကလေးတွေကိုလည်းမပစ.်စေချင်ပါဘူး။ဒီမှာကြည့်ပါဦး သားလေး။ကိုညီညီအောင်ထက်နိုင်ရေ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။ငါတို့တွေ တခွန်းတည်းပြိုင်တူအော်မယ်။“ကမ္ဘာမကြေဘူး”