Knowledge


Zawgyi






Source VOA

Unicode

“ မြန်မာစစ်ကောင်စီကို ICC မှာ တရားစွဲဆိုဖို့ လုပ်ဆောင်တော့မည် ဒေါက်တာဆာဆာ(ရုပ်/သံ) ”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို စစ်တပ်ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီကနေ တနင်္ဂနွေနေ့က

နှိမ်နင်းမှုကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးတင် တရားစွဲနိုင်ရေး နည်းလမ်းရှာ ကြိုးပမ်းနေကြောင်း CRPH ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ဒေါက်တာဆာဆာက ဗွီအိုအေကို ပြောပါတယ်။

အလားတူ စစ်အုပ်ချုပ်ရေးကောင်စီက မြန်မာသံတမန်တွေကို ထုတ်ပယ်၊ ပြောင်းလဲ ခန့်အပ်တာတွေ တရားမဝင်ကြောင်းနဲ့ အသစ်ခန့်အပ်ခံရတဲ့

သံတမန်တွေလည်း သက်ဆိုင်ရာနိုင်ငံတွေကို သွားရောက်လို့ မရနိုင်ဘူးလို့ ဒေါက်တာဆာဆာကပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Source VOA