Knowledge

အန္တီရယ္ ေနာက္ဆုံးေျပာသြားတဲ့ စကားနဲ႔တင္ အရမ္းကိုေလးစားပါတယ္….

အမလုပ္တာ ဘာမွမရွိတာ။ ဆႏၵျပတဲ့သူေတြ အခ်ဥ္ေပါင္းေဝတာပဲရွိတာ “သီးစုံအခ်ဥ္ေပါင္းေရာင္းသူ မုံရြာၿမိဳ႕ ထန္းေတာ ေညာင္ရိပ္သာရပ္ကြက္ေန မတင္တင္ေအး ႏွင့္ေတြ႕ဆုံျခင္း။

မတင္တင္ေအးသည္ ေဖေဖာ္ဝါရီ ၂၇ ရက္က ေဈးေရာင္းေနစဥ္ အိမ္နီးခ်င္းအမ်ိဳးသမီးတစ္ဦးႏွင့္အတူ ဖမ္းဆီးခံခဲ့ရသည္။ ၎သည္ ယခင္ရက္မ်ားက ဆႏၵျပလူထုကို ၎ေရာင္းခ်ေသာ အခ်ဥ္ေပါင္းမ်ား လိုက္လံေဝငွ ေကၽြးရာမွ လူမႈကြန္ရက္ေဖ့စ္ဘြခ္တြင္ ၎၏ ေစတနာအေပၚ လူအမ်ားက တုန႔္ျပန္ခ်ီးမြမ္းခဲ့ၾကသည္။

MGZ- မေန႔က ဖမ္းခံရတဲ့ အျဖစ္အပ်က္ေလးေျပာပါဦး။

TTA- မေန႔က ဗိုလ္ခ်ဳပ္လမ္း မိတ္ဆက္လမ္းထိပ္က အမသစ္သီးဆိုင္မွာကူေနတာ။ သူတို႔က လိေမၼာ္သီးေတြ သိမ္းသိမ္းဆိုေတာ့ လိေမၼာ္သီးေတြက တစ္ေယာက္တည္း သိမ္းလို႔မၿပီးဘူး၊သုံးေလးေယာက္သိမ္းမွၿပီးတဲ့ဟာလို႔ ေျပာတာ။ အဲလို ေျပာရမလားဆိုၿပီး ဝိုင္းရိုက္တယ္။အထဲထိကို ဝင္ရိုက္တာ။ အရပ္ဝတ္နဲ႔တစ္ေယာက္ သူပဲသူပဲ ဆိုၿပီး ေလးငါးေျခာက္ေယာက္ေလာက္ရွိတယ္။ဆိုင္ထဲကေန အတင္းဆြဲေခၚရိုက္ၾကတာ။

MGZ- သူပဲသူပဲ ဆိုတာ ဘာအေၾကာင္းအရာကို ေျပာတာလဲဗ်။

TTA- အမထင္တာေတာ့ အမလုပ္တာ ဘာမွမရွိတာ။ ဆႏၵျပတဲ့သူေတြ အခ်ဥ္ေပါင္းေဝတာပဲရွိတာကို ။အရင္ရက္ေတြက ေတာက္ေလ်ာက္ ဆႏၵျပတဲ့ဆီလိုက္ၿပီး ႏွစ္ရက္ေလာက္ေနေတာ့ ေဈးေရာင္းထြက္တယ္။ လူေတြကလည္းေရာဂါက ေၾကာက္ၾက။ ေဝမယ့္သူကလည္းမရွိေတာ့ တကယ္ေတာ့ ဆႏၵျပလိုက္တာ ေမာလည္းေမာ၊မူးလည္းမူးေတာ့ ကိုယ္လိုပဲ ဆာမွာပဲ၊မူးမွာပဲဆိုၿပီးေတြးၿပီး ေဝျဖစ္တာပါ။

MGZ- ဖမ္းခံရတုန္းက ဘာျဖစ္လဲ။

TTA- ဆိုင္ထဲကေခၚၿပီးေတာ့ ေကာင္တစ္ေယာက္က ပါးအရင္ရိုက္လိုက္တယ္။ ရဲေမသုံးေယာက္ထဲက တစ္ေယာက္က ပါးထပ္ရိုက္တယ္၊ ေနာက္ကသူက လက္ကို တအားခ်ဳပ္ၿပီး တစ္ေယာက္က လည္မ်ိဳကုပ္ထားတာ။ဟိုဘက္နားေရာက္ေတာ့ လက္ေနာက္ျပန္ခတ္ၿပီးအခ်ဳပ္ကားေပၚေခၚသြားတယ္။ အခ်ဳပ္ကားေပၚေတာ့ ေရတိုက္ပါတယ္။ ေကာင္းတဲ့သူရွိသလို၊မေကာင္းတဲ့သူလည္း ရွိတယ္။

MGZ-ဘယ္ေခၚသြားလဲ။ဟိုက် ဘာေတြဆက္ျဖစ္လဲဗ်။

TTA – ေလယာဥ္ကြင္းထိေခၚသြားတယ္။ ဘယ္မွာေနတယ္၊ဘာရပ္ကြက္လဲ၊မိဘက ဘယ္သူလဲ။အိမ္ေတြေမးၿပီး လက္မွတ္ထိုးၿပီး မိန္းမေတြကိုစုၿပီး ျပန္လႊတ္လိုက္တယ္၊ မိန္းမေတြက အေယာက္ ၈၀ ေလာက္ရွိတယ္။

MGZ- အမတို႔မိသားစု အတြက္ အလႉရွင္တစ္ေယာက္လႉမယ္လို႔ၾကားတယ္။

TTA- မနက္ကေတာ့ ကၽြန္မအမ်ိဳးသားဆီ တစ္ေယာက္ဖုန္းဆက္ပါတယ္။ ကၽြန္မကေတာ့ ကၽြန္မေစတနာအေလ်ာက္ ေရာင္းမယ့္ထဲက လႉတာပါ။ ဘာမွ ေမၽွာ္လင့္တယ္ရယ္မဟုတ္ပါဘူး။

MonywaGazette

unicode

” အမလုပ်တာ ဘာမှမရှိတာ။ ဆန္ဒပြတဲ့သူတွေ အချဉ်ပေါင်းဝေတာပဲရှိတာ “သီးစုံအချဉ်ပေါင်းရောင်းသူ မုံရွာမြို့ ထန်းတော ညောင်ရိပ်သာရပ်ကွက်နေ မတင်တင်အေး နှင့်တွေ့ဆုံခြင်း။

မတင်တင်အေးသည် ဖေဖော်ဝါရီ ၂၇ ရက်က ဈေးရောင်းနေစဉ် အိမ်နီးချင်းအမျိုးသမီးတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် ယခင်ရက်များက ဆန္ဒပြလူထုကို ၎င်းရောင်းချသော အချဉ်ပေါင်းများ လိုက်လံဝေငှ ကျွေးရာမှ လူမှုကွန်ရက်ဖေ့စ်ဘွခ်တွင် ၎င်း၏ စေတနာအပေါ် လူအများက တုန့်ပြန်ချီးမွမ်းခဲ့ကြသည်။

MGZ- မနေ့က ဖမ်းခံရတဲ့ အဖြစ်အပျက်လေးပြောပါဦး။

TTA- မနေ့က ဗိုလ်ချုပ်လမ်း မိတ်ဆက်လမ်းထိပ်က အမသစ်သီးဆိုင်မှာကူနေတာ။ သူတို့က လိမ္မော်သီးတွေ သိမ်းသိမ်းဆိုတော့ လိမ္မော်သီးတွေက တစ်ယောက်တည်း သိမ်းလို့မပြီးဘူး၊သုံးလေးယောက်သိမ်းမှပြီးတဲ့ဟာလို့ ပြောတာ။ အဲလို ပြောရမလားဆိုပြီး ဝိုင်းရိုက်တယ်။အထဲထိကို ဝင်ရိုက်တာ။ အရပ်ဝတ်နဲ့တစ်ယောက် သူပဲသူပဲ ဆိုပြီး လေးငါးခြောက်ယောက်လောက်ရှိတယ်။ဆိုင်ထဲကနေ အတင်းဆွဲခေါ်ရိုက်ကြတာ။

MGZ- သူပဲသူပဲ ဆိုတာ ဘာအကြောင်းအရာကို ပြောတာလဲဗျ။

TTA- အမထင်တာတော့ အမလုပ်တာ ဘာမှမရှိတာ။ ဆန္ဒပြတဲ့သူတွေ အချဉ်ပေါင်းဝေတာပဲရှိတာကို ။အရင်ရက်တွေက တောက်လျောက် ဆန္ဒပြတဲ့ဆီလိုက်ပြီး နှစ်ရက်လောက်နေတော့ ဈေးရောင်းထွက်တယ်။ လူတွေကလည်းရောဂါက ကြောက်ကြ။ ဝေမယ့်သူကလည်းမရှိတော့ တကယ်တော့ ဆန္ဒပြလိုက်တာ မောလည်းမော၊မူးလည်းမူးတော့ ကိုယ်လိုပဲ ဆာမှာပဲ၊မူးမှာပဲဆိုပြီးတွေးပြီး ဝေဖြစ်တာပါ။

MGZ- ဖမ်းခံရတုန်းက ဘာဖြစ်လဲ။

TTA- ဆိုင်ထဲကခေါ်ပြီးတော့ ကောင်တစ်ယောက်က ပါးအရင်ရိုက်လိုက်တယ်။ ရဲမေသုံးယောက်ထဲက တစ်ယောက်က ပါးထပ်ရိုက်တယ်၊ နောက်ကသူက လက်ကို တအားချုပ်ပြီး တစ်ယောက်က လည်မျိုကုပ်ထားတာ။ဟိုဘက်နားရောက်တော့ လက်နောက်ပြန်ခတ်ပြီးအချုပ်ကားပေါ်ခေါ်သွားတယ်။ အချုပ်ကားပေါ်တော့ ရေတိုက်ပါတယ်။ ကောင်းတဲ့သူရှိသလို၊မကောင်းတဲ့သူလည်း ရှိတယ်။

MGZ-ဘယ်ခေါ်သွားလဲ။ဟိုကျ ဘာတွေဆက်ဖြစ်လဲဗျ။

TTA – လေယာဉ်ကွင်းထိခေါ်သွားတယ်။ ဘယ်မှာနေတယ်၊ဘာရပ်ကွက်လဲ၊မိဘက ဘယ်သူလဲ။အိမ်တွေမေးပြီး လက်မှတ်ထိုးပြီး မိန်းမတွေကိုစုပြီး ပြန်လွှတ်လိုက်တယ်၊ မိန်းမတွေက အယောက် ၈၀ လောက်ရှိတယ်။

MGZ- အမတို့မိသားစု အတွက် အလှူရှင်တစ်ယောက်လှူမယ်လို့ကြားတယ်။

TTA- မနက်ကတော့ ကျွန်မအမျိုးသားဆီ တစ်ယောက်ဖုန်းဆက်ပါတယ်။ ကျွန်မကတော့ ကျွန်မစေတနာအလျောက် ရောင်းမယ့်ထဲက လှူတာပါ။ ဘာမှ မျှော်လင့်တယ်ရယ်မဟုတ်ပါဘူး။

MonywaGazette