Knowledge


အချဉ်ပေါင်း လိုက်လှူတဲ့ အန်တီ့ အတွက် အိမ်နဲ့ ဝင်းပါ လှူပေးမယ့် အလှူရှင် မိသားစု

မဂ်လာပါ ပရိတ်သတ်ကြီး အခုချိန် အခါဟာ အားလုံးအတွက် စိတ်ပျက်စရာတွေ နာကျည်းခံပြင်းစရာတွေ ပြည့်နှက် နေတဲ့ အချိန် ဖြစ်နေပေမယ့်လည်း…

ကျနော်တို့ အားလုံး အတွက် ဝမ်းသာရမယ့် အကြောင်း တရား တွေလည်း ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

မတရားမှု့ကို လက်မခံတာတိုင်းရင်း သားညီအစ်ကို မောင်နှမ အချင်းချင်း အရင်လို သွေးအေးစွာ ဆက်ဆံ မနေတော့ပဲ အချင်ချင်း ကူညီပေးနေ တာကို ဆန္ဒပြပွဲတွေမှာ အထင်းသား တွေ့ခဲ့ရပါတယ် ။

အခုလည်း ဆန္ဒပြ ပြည်သူ တွေကို ချဉ်ပေါင်း လိုက်လှုခဲ့တဲ့ အန်တီကြီးကို ဒီနေ့မှာ မတရား နှိပ်စက် ဖမ်းစီး သွားတာအားလုံး အသိဖြစ်မှာပါ ။ ယခုည နေလောက်မှာတော့ ပြန်လွှတ် ပေးခဲ့ပြီ လို့လည်း ကြားသိရပါ တယ်။

ငွေကြေး မချမ်းသာ ပေမယ့် လည်း တတ် နိုင်တဲ့ ဖက်ကနေ အစွမ်းကုန် ကူညီပေးခဲ့တဲ့ အန်တီ့ အတွက် အိမ်နဲ့ ဝန်းရော လှူပေးမယ် ဆိုပြီး အ လှူရှင် ထွက်ပေါ် လာခဲ့ပါပြီ စေတနာမှန်လို့ ကံကောင်း ခဲ့ပါပြီ အလှုရှင် မိသားစုလည်း အခုထက်ပို လှုနိုင်ပြီး ကျန်းမာ ချမ်းသာပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

(Unicode version)





