Knowledge

“အိမ်ထဲမှာတော့မနေ နိုင်ဘူး..ထောင်ပဲကျကျ..သေပဲ သေသေ” အလင်းရောင်

ပရိတ်သတ်ကြီးရေ ခုချိန်မှာတော့ အနုပညာလော ထဲကို မော်ဒယ်လ် လောက မှ သရုပ်ဆောင် တစ်ယောက် အဖြစ်သို့ ခြေစုံပစ် ဝင်ရောက် လာတဲ့ အလင်းရောင်ဟာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ နေ့စဉ်နဲ့အမျှ အားမလျော့ဘဲ ရပ်တည်ကာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက် ရှိနေတာကို အားလုံးမြင်တွေ့ရမှာပါနော်။

စတိုင်စမက်ကျပြီး ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားလို့ နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ရရှိထားတာပဲဖြစ်ပါတယ်။

မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် တစ်ယောက် အဖြစ်သို့ ခြေစုံပစ် ဝင်ရောက် လာတဲ့ အလင်းရောင်ဟာ ယခုအချိန်မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေပြီး ပရိသတ်တွေ အားပေး ထောက်ခံမှုကို အခိုင်အမာရရှိထားကာ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပရိသတ်အချစ်တော် အလင်းရောင် ဟာ နိုင်ငံအတွက် ရဲရဲဝင့်ဝင့် မမောမပန်းနိုင်အောင် လမ်းပေါ်ထွက်ကာ ပြည်သူတွေ နဲ့ အတူပါဝင်မည် ဖြစ်ကြောင်း ဖော်ပြလာတာ ပဲ ဖြစ်ပါတယ်။

ယခုအခါမှာလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ဖေ့စ်ဘွတ်ခ် မှာ ရေးသားထားတဲ့ လူကြည့်များနေတဲ့ အ ရေးအသားလေးကို ဖော်ပြ ပေးလိုက်ပါတယ်။

“အိမ်ထဲမှာတော့မနေ နိုင်ဘူး

ထောင်ပဲကျကျ

သေပဲ သေသေ

သရဏဂုံ တင်ထားပြီးပြီမို့…

မနက်ဖြန် ၂၈..၂..၂၀၂၁ (တနင်္ဂနွေနေ့)

အထွေထွေသပိတ်ထွက်ကိုထွက်မည်……”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်

L-ကေတီ

Zawgyi







ထောင်ပဲကျကျ

သေပဲ သေသေ




L-ကေတီ