Knowledge

သံပုံးတီးတဲ့ သူရဲကောင်းပြည်သူပြည်သားတွေအတွက် အားတက်စရာ သတင်းကောင်းလေးတစ်ခုကို ပြောပြလာတဲ့ ဖြူဖြူကျော်သိန်း

ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေရဲ့ အားပေးမူကို တစ်ခဲနက်ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဝတ်စားဆင်ယဉ်မှုတွေကလည်း တခြားသူတွေနဲ့ မတူတဲ့ အမိုက်စားဖက်ရှင် တွေကိုပဲအမြဲ ဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖြူဖြူကျော်သိန်း က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး အကောင်းဆုံး လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

လတ်တလောမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း အမှန်တရားကို လိုလားကြတဲ့ ပြည်သူပြည်သားတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ယခုမှာတော့ ဖြူဖြူကျော်သိန်း က သံဗုံးတီးတဲ့ သူရဲကောင်း ပြည်သူပြည်သားတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သတင်းကောင်းကို ပြောပြလာခဲ့ပါတယ်။ “ဖြူဖြူတို့မြန်မာပြည်သူသံပုံးတီး သူရဲကောင်းတွေအတွက်အားတက်စရာသတင်းကောင်းလေး တစ်ခုပါ…….

လွန်ခဲ့တဲ့ (၃) ပတ်ကျော်လောက်ကတည်းက အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် Mr. Jose Ramos-Horta ကစတင်ပေးခဲ့တဲ့ potsandpansforMyanmar ကန်ပိန်းကိုခုဆိုရင် ASEAN နဲ့ International ကအထင်ကရပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကပါ ပါဝင်အားဖြည့်ပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်ပေးနေပါပြီ ​Facebook နဲ့ Twitter ကသူတို့သံပုံးတီးနေတဲ့ ဓာတ်ပုံနဲ့ link လေးတွေကိုကျေးဇူးတင်စွာနဲ့ဖော်ပြပေးလိုက်ပါတယ်….ဖြူဖြူတို့တွေ potsandpansforMyanmar လို့ search လုပ်ပြီးမိတ်ဆွေတွေကိုကျေးဇူးတင်ကြောင်းသွားပြောကြရအောင်လား” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ သံပုံးတီးတဲ့ ပြည်သူပြည်သားတွေ အတွက် ဖြူဖြူရဲ့ သတင်းကောင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။