Knowledge

ဖတ်ရင်းမျက်ရည်ကျ ရတဲ့ “` အမေပြန်လာရင်´´´

ရေးတဲ့သူတော်လိုက်တာ

ဖတ်ရင်းမျက်ရည်ကျလာတယ်

“` အမေပြန်လာရင်´´´ တဲ့

အမေ ပြန်လာရင်စုထားတဲ့လစာတွေ ပေါင်းထုတ်ပြီးဂျိမ်းဖောမြေက ခေါင်ရည်ကို မြန်မာ့မီးရထားကြီး စီးပြီးသွားသောက်မယ်အမေအမေ့သား

မီးရထားဝန်ထမ်းကြီးတွေကလေအမေမရှိတုန်းရပ်ထားတဲ့ ရထားတွေကို ဇွတ်ထွက်ခိုင်းတော့ သံလမ်းထက် လှဲအိပ်ပြီး တားကြတာတဲ့အမေရယ်

အမေ့သားတွေသတ္တိ ဩချရတယ်အမေ

အမေပြန်လာရင်လေ ကယားပြည်သွားပြီး တောင်ကွဲစေတီဖူးရင်း ဟင်းထုပ်သွားစားမယ်အမေ

သူတို့ကလဲလေ သမီးတို့လိုပဲ အမေလွတ်ဖို့ လမ်းပေါ်တက်ဆုတောင်းနေကြတာအမေရဲ့

အမေပြန်လာရင်လေ ကရင်ပြည်နယ်ကို ကားကြီးစီးပြီးသွားမယ်

အမေ ကားသမားကြီးတွေကလေ လမ်းမထက်က

ပြန်လာတဲ့အမေ့သားသမီးတွေကို အပြန်ခရီး မဖင့်အောင် အိမ်ပြန်ပို့ပေးကြတာတဲ့အမေရဲ့

အမေပြန်လာရင်လေချင်းပြည်ကို လေယာဉ်စီးပြီး သွားချင်တယ်အမေအမေ့သားသမီးလေကြောင်းဝန်ထမ်းတွေက အမေမရှိတုန်း ယန္တရားရဲ့ တစ်စိတ်တစ်ပိုင်း ရပ်ထားပေးတယ်အမေ

မွန်ပြည်နယ် ကျိုက်ထီးရိုးကိုလဲ

သွားချင်သေးတာပဲအမေ သမီးတို့နဲ့ရပ်တည်ချက်တူတဲ့ မောင်နှမတွေလေ

ပေတရာလမ်းမထက်မှာ ကြွေးကြော်သံတွေ ဟစ်တာက အတူတူပဲအမေ

အမေပြန်လာရင် သဇင်ပန်းတွေဝေတဲ့ ရခိုင်မြေကို အရောက်သွားပြီး မြောက်ဦးက ဘုရားတွေ သွားဖူးကြတာပေါ့

သူတို့ကလဲ သမီးတို့နဲ့တသားတည်းအမေ

ရှမ်းပြည်ကတော့ တောင်ရော မြောက်ရော

အရှေ့ပါမကျန်သွားချင်သေးတယ်အမေပဲပုပ်နဲ့ မုန့်ညင်းချဉ် ဝအောင်သွားစားရင်း

အမေမရှိတုန်းကကြုံရတဲ့အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောဆိုချင်သေးတာအမေရယ်

တစ်ခုခုဆို တစ်ပြည်လုံး ဘယ်နေရာမှာ

ဘာပဲကြုံကြုံပဲပုပ်ရော အာပူလျှာပူရော

တာလပေါရော ဆာဖျယ်ရော

ဆာဗူးသီးရော

ဟင်းထုပ်ရော က စိတ်တွေပူကြ

တောက်တခေါက်ခေါက်နဲ့ပေါ့..အမေရာ

အမေရှိတုန်းကသာ ဒိုးနပ်နဲ့ထိုးမုန့်မတည့်တာသိလား အမေမရှိတုန်းလေးကို သမီးတို့ရွှေမန္တလေးကို အနိုင်ကျင့်ခံရတုန်းကပေါ့အမေရယ်

အားလုံးစိတ်ဆင်းရဲရတာပေါ့..😥😥

နောက်နေ့ကျ ဒိုးနပ်တွေက မေတ္တာကရုဏာတွေထည့်လွှတ်လိုက်တဲ့ ဒိုးနပ်တွေ ပို့ပေးလိုက်တာအမေရအရသာရှိလိုက်တာဆို ပြောမနေနဲ့

အော်အမေ့သားသမီးဝန်ထမ်း တွေကလဲလေ အမေမလာမချင်း ရုံးမတက်ဘူးတဲ့အမေ

ဟိုလေ အမေချစ်တယ်ပြောတဲ့ ပြည်သူလူထုကြီးကလေ

ရုံးမတက်တဲ့သူတွေကိုလေ စားစရာတွေ ယူပါစားပါနဲ့….လိုတာထောက်ပံ့မတဲ့အားတောင်နာရတယ်အမေရာ

ည ည တော့ ခြေသံနဲ့ခွေးဟောင်သံကြောင့် အိပ်ပျက်ညတွေများပေမဲ့ ပြည်သူက ပြည်သူကို စောင့်ရှောက်တာဆိုလားပဲ ရပ်ကွက်က စောင့်ရှောက်ကြတယ်တဲ့အမေ

အမေ့သားသမီးတွေလေ အင်တာနက်သုံးရင်းနိုင်ငံစုံအောင်လဲ

သွားနေကြသေးတယ်သိလား အမေ

ခုဆို အမေရယ် G X Y Zဆိုတဲ့ မျိုးဆက်တွေကလေ နိုင်ရာဝန်ထမ်း ပန်းတိုင်အရောက်လှမ်းနေတာများ အမေမြင်ရင်ပြုံးနေမှာ အသေအချာပဲ

အမေ မရှိတုန်းကိုလေအမေ့သားကြီး အစ်ကိုကပြောထားတာတွဲတိုင်းမှာ စက်ခေါင်းပါတယ်တဲ့

အစ်ကို့စကားအတိုင်း တွဲတိုင်းရုန်းနေတယ်အမေ

အဲ့လိုပဲ အမေ့မြေး တွေ ဂိမ်းပဲဆော့နေတယ်ထင်ရတဲ့ G zတွေကလေ…

အမလေးအမေရယ်…မထင်ရဘူး သူတို့ဉာဏ်ရည် ကိုယ်ရည်ကိုယ်သွေးနဲ့ ဟိုလူတွေကို မောင်းထုတ်တာအမေရဲ့ အကွက်တွေကိုစုံလွန်းလို့ လိုက်မမီပါဘူးအမေရာ
သူတို့ကတော်လွန်းပါတယ် သမီးတို့လဲပါးစပ်အဟောင်းသားနဲ့ငေးနေပြီး လေးစားပြီး ရင်းလေးစားနေရတာအမေရေ

ဒါတင်ဘယ်ကမလဲ G Alpha ဆိုလား အမေ့မြေးပေါက်စလေးတွေက ဖွားဖွားစုပြန်လာမှ ကျောင်းတက်မှာတဲ့

ဟိုလေ အသက်ကြီးတဲ့စိတ်ပုတီးနဲ့ ဘိုးဘွားတွေကလဲ ညည သံပုံးတီးကြသေး

ပန်းသပြေနဲ့ဆီးမီးထွန်း ပြီး ဘေးကင်းရန်ကွာဖို့မေတ္တာပို့ဆုတောင်းကြသတဲ့ 🙏🙏🙏

တောင်းပန်ပါတယ်အမေ အမေ့ကိုတစ်ယောက်တည်း ဝန်တွေပိစေပြီး

ဖာသိဖာသာ နေခဲ့မိတာတွေကို အမေရှိတာပဲလေဆိုပြီး အမေ့ကို အလုံးစုံမှီခိုလွန်းခဲ့တာတွေအတွက် အားနာတယ်အမေ

ခုတော့လေ နိုင်ရာဝန်ထမ်း မညည်းညူတမ်းနဲ့ အမေဂုဏ်ယူစေဖို့ သမီးတို့အားလုံး ကြိုးစားနေပါတယ်အမေ

မဝေးတော့တဲ့ရက်တွေမှာ အပြုံးတွေ တစ်ပွေ့တစ်ပိုက်နဲ့ပြန်လာမဲ့အမေ့ကို နွေဦးကံ့ကော်တွေနဲ့အတူ ကြိုနေမယ်😍😍

လွမ်းလှပြီအမေ🥰😍😘

crd…