Knowledge

မြဝတီရုပ်မြင်သံကြားနှင့် MRTV ကို ပြင်းထန်စွာသတိပေးလိုက်တဲ့ မင်းမော်ကွန်းရဲ့စာ……..

စာဖတ်သူ အပေါင်း သူတော်ကောင်းတို့ ခင်ဗျာ … သတင်းထူး တစ်ပုဒ်ပြောပြချင်ပါတယ် …

ဒါကျတာ့ သရုပ်ဆောင် မင်းမော်ကွန်ဟာ မြဝတီ ရုပ်မြင်သံကြားနှင့် MRTV တို့ကို ပြင်းထန်စွာ သတိပေးလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်

မြဝတီ ရုပ်မြင်သံကြားနှင့် MRTV မှာ မင်းမော်ကွန်း ပါဝင်သရုပ်တောင်ထားတဲ့ ဇာတ်ကားတွေကို အခါသင့်သလို ထုတ်လွှင်ခံရတဲ့ အနုပညာရှင်တစ်ယောက်ပါ။

မင်းမော်ကွန်းဟာ အာဏာရှင် တော်လှန်ရေးမှာ ပြည်သူတစ်ယောက်ရဲ့ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နေတဲ့ အနုပညာ ရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် …

မင်းမော်ကွန်းဟာ မျိုးရိုးလိုက်တယ်လို့ ဆိုရမလားမသိ …

သူ့ဖေဖေ ဦးဇင်ဝိုင်းဟာလဲ ၈၈ အရေးခင်းမှာ ပါဝင်ခဲ့သလို အခု အာဏာရှင်ဆန့်ကျင့်မှု့မှာလဲ အသက်ကြီးပေမယ့် လူငယ်တယောက်လို တိုက်ပွဲဝင်ဆဲဖြစ်ပါတယ် …

မင်းမော်ကွန်းဟာ စစ်တပ်မှ အာဏာရယူခဲ့တဲ့ အချိန်မှစပြီး ယနေ့ထိ မြေပြင်မှာရော လိုင်းပေါ်မှာပါ အာဏာရှင်ကို တော်လှန်နေခဲ့တာပါ …

စစ်တပ်အာဏာ ရယူချိန်မှ စပြီး မြဝတီရုပ်မြင်သံကြားနှင့် MRTV တို့ဟာ ဝါဒဖြန့် သတင်းတွေ … သတင်

းအမှားတွေကို ဆက်တိုက် ထုတ်လွှင့်နေမှု့ကြောင့်

ယနေမှာတော့ မင်းမော်ကွန်းက ” မြဝတီ နှင့် mrtv မိုးလုံးပြည့်မုသာဝါဒ ရုပ်မြင်သံကြားများမှ ကျွန်တော် မင်းမော်ကွန်း ပါဝင်ရိုက်ကူးထားသော ရုပ်ရှင် ဗီဒီယို အပါအဝင် မည်သည့်အနုပညာလှုပ်ရှားမှုကိုမှ လုံးဝ လုံးဝ ထုတ်လွှင့် ပြသခြင်း မပြုပါရန် ပြင်းထန်စွာ သတိပေး ကြေငြာအပ်ပါသည် ” ဆိုပြီး ပြင်းထန်စွာ သတိပေးလာခဲ့ပြီပဲဖြစ်ပါတယ်။

လေးစားပါတယ် ကိုမင်းမော်ကွန်းရေ ဒီလို ကန့်ကွက်မှု့ကို ကျန်အနုပညာရှင်များကပါ ပါဝင်လုပ်ဆောင်လာလျှင် ပိုမိုဝမ်းသာမိမှာပါ …

မင်းမော်ကွန်းရဲ့ သတိပေးချက်နှင့် ပတ်သက်ပြီး စာဖတ်သူတို့ရဲ့ အမြင်ကိုလဲ ပြောခဲ့ပါအုံးခင်ဗျာ။