Knowledge


အဘွားတစ်ယောက် အိတ်‌တွေနဲ့ လမ်း‌ဘေးမှာ ထိုင် နေတာ တွေ့တော့ ကင်းစောင့်တဲ့ သူတွေက သွားစစ်ကြည့်တဲ့ အခါ

မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ ရွှေပြည်သာ မြို့နယ်မှာ အဖွားတစ်ယောက် လမ်းဘေးမှာ ထိုင်နေတာ တွေ့လို့ သွားမေးကြတဲ့ အခါ ထိုအဖွားဟာ စကားတွေကို ဦးတည်ရာ မရှိပဲ ပြောနေခဲ့ပါတယ်။

“ဒီအဘွားကို ရွှေပြည်သာမြို့နယ် သံလမ်းမှတ်တိုင် အနီးဗိုလ်ချုပ်လမ်းမ တန်းဘေးမှာထိုင်နေတာတွေ့လို့ ကျနော်တို့ရက်ကွက်က ကင်းစောင့်တဲ့သူတွေ ကတာဝန်အရ သွားစစ်ကြည့်တော့အဘွားကို ဘယ်ကလာတာ လဲ မေးတော့ အဘွားက သူ့သူငယ်ချင်းသုံးယောက်နဲ့ ဘုရားဖူးသွား တာ တဲ့ ဆူးလေဘုရားကိုသူ့သူငယ်ချင်း နှစ်ယောက်က ဆူးလေမှာ ကျန်ခဲ့တယ်ပေါ့ အဲ့လိုဖြေတယ်။

အဘွားဘယ်ပြန်မှာလဲ ထပ်မေးတော့ လှိုင်သာယာပြန်မှာလို့ပြောတယ်။

နောက်တခေါက် အဘွားပြန်မဲ့နေရာ ထပ်မေးတော့ သံလျင်လို့ပြောပြန်ရော။ “ငါမသိတော့ဘူး ငါမမှတ်မိတော့ဘူး လို့လဲပြောတယ်” ထပ်မေးတော့”ငါကြည့်မြင်တိုင် ကနေလာတာ”လို့ထပ်ပြောပြန်ရောသူ့ကြည့်ရတာ ဘာမှမမှတ်မိတဲ့ပုံပါပဲ။ ကျနော်တို့ ရက်ကွက်ကလူကြီး တွေကတော့ တာဝန်အရ သူ့မှာပါလာတဲ့ ပစ္စည်းတွေ စစ်ကြည့်တော့ မုန့်တချို့၊အကျီတချို့နဲ ့အအေးဘူးလေးတစ်ဘူးပါပါ တယ်။

အဘွားကို ထပ်မေးကြတော့ “ငါ့ကိုမှန်လုံကားနဲ့ ချသွားတာ”လို့ပြောပါတယ်။ ဘာမှမေးလို့မရဘူးမေး လဲအမျိုးမျိုး အဖြေထွက်နေတာပါ။ နမည်က ဒေါ်သန်းသန်းမြင့် လို့ပြောပါတယ်။

အသက်ကတော့ ၇၀ လောက်ရှိပါပီ။ ကျနော်တို့လဲ့် ဘယ်သူ့မှ ခုချိန်မှှ ယုံလို့မရတဲ့ အတွက်ကြောင ရက်ကွက်က ပဲစောင့်ရောက်ကြည့် ထားပါတယ်။ ထမင်းလဲကျွေးထားပါတယ်ခဗျ။

အဘွားက အမှန်ပဲ လမ်းပျောက်တာလား သူပြောတဲ့အတိုင်း သူ့ကိုမှန်လုံကားနဲ့ ချသွားတာ တကယ်ပဲလားဆိုတာ ကျနော်တို့လဲမေးလို့မရဘူး ဖစ်နေပါတယ်။

ကူညီရှဲပေးကြပါအုံးခဗျ။ ခုအဘွားကို ရွှေပြည်သာမြို့နယ်၊ သံလမ်းမှတ်တိုင် ၅/၁ ရက်ကွက်ဓမ္မာရုံမှာ ထိန်းသိမ်းထားပါတယ်။” ဆိုပြီး မူရင်း ပို့စ် ပိုင်ရှင်က ရေးသား ဖော်ပြထားခဲ့ပါတယ်။

ပရိတ်သတ်ကြီး ထဲမှ သိတဲ့ သူများရှိရင် ဆက်သွယ်နိုင်ရန် ရည်ရွယ်ပြီး ဖော်ပြပေးလိုက်ရပါတယ်။ ဖတ်ရှု အားပေး ခဲ့ကြတဲ့ပရိတ်သတ်ကြီး သာယာသော နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေ။

မူရင်း ရေးသားသူအား လေးစားစွာ ဖြင့် Creditပေးပါသည်။