Knowledge
မြန်မာနိုင်ငံ မြို့ကြီးအတော်များများရဲ့အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး(ခ) ဧရာမ သက်ရှိပြတ်ရွေ့ကြီး အကြောင်း
မြန်မာနိုင်ငံ အလယ်တည့်တည့်မှ ဖြတ်သွားကာ မြို့ကြီးအတော်များများရဲ့အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီး(ခ) ဧရာမ သက်ရှိပြတ်ရွေ့ကြီး အကြောင်း
(Zawgyi Code
ယူနီကုဒ်ဖြင့် ဖတ်ရန်
မြန်မာပြည်တစ်ဝန်းက မြို့ကြီးအတော်များများရဲ့အောက်မှာရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးအကြောင်း။
(Zawgyi Code
ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
နိုင်ငံ၏ ပထဝီအနေအထားမှာ စစ်ကိုင်းငလျင်ကြောပေါ်
ငုတ်တုတ်ထိုင်နေရုံမျှမက အခြား မြေငလျင်ကြောများလည်း ရှိနေသေးတယ်။ ကျောက်ကြမ်းပြတ်ရွေ့ကြော၊ ကဘော်ပြတ်ရွေ့ကြော၊ ရွှေတြိဂံပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့ စသဖြင့် ရှိနေပါသေးတယ်။
မိုးကောင်း၊ မိုး ညှင်း၊ စစ်ကိုင်း၊ အင်းဝ၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ သုံးခွစသော မြို့များအောက်တွင် စစ် ကိုင်းငလျင်ကြော တည်ရှိပါတယ်။ စစ်ကိုင်းပြတ်ရွေ့ဟာ
အလျားလိုက်ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ကို ၁၈.၅ မီလီမီတာခန့် ရွေ့နေတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားနယ်မှစပြီး စစ်ကိုင်း ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုမ အရှေ့ခြမ်းကို ဖြတ်၍ မုတ္တမပင်လယ်ဝထိ ရှည်ပါတယ်။
မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ကြောကြီးကို စတင်တွေ့ရှိခဲ့သူက ဒေါက်တာဝင်းဆွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ စတန်းဖို့ဒ်တက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ယူခဲ့သော ဘူမိဗေဒပညာရှင်နှင့်
ဖမြေငလျင်ပညာရှင် ဖြစ်ပါတယ်။ တက္ကသိုလ်တွင် ဆရာ လုပ်ရင်း ၁၉၆၉ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးရှိ ပြတ်ရွေ့တစ်ခုအား စတင်သုတေသနပြုပါတယ်။ ပြတ်ရွေ့အသေး တစ်ခုဟုသာ ထင်ခဲ့သော်လည်း အချိန်များစွာယူ၍
ကွင်းဆင်းသုတေသနပြုရင်းမှ မြန်မာနိုင်ငံ မြေပုံ အလယ်တည့်တည့်မှ ဖြတ်သွားကာ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ဧရာမ သက်ရှိပြတ်ရွေ့တစ်ခုဖြစ်မှန်း တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ခရက်ဒစ်