Celebrity

ပြည်သူလူထုနဲ့အတူ တစ်တပ်တစ်အားပါဝင်ဆင်နွှဲရအောင်လို့ သနပ်ခါးစစ်စစ်ကို ကိုယ်တိုင်သွေးပြီး မျက်နှာအနှံ့လိမ်းခြယ်ထားတဲ့ စည်သူမောင်

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ စည်သူမောင်ဟာဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဆယ်စုနှစ်မကကြာမြင့်နေပြီဖြစ်ပါတယ်။စည်သူမောင်ကတော့ မင်းသားပီပီ ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ပါတယ်နော်။စည်သူမောင်က အခုအသက်အရွယ်ထိလည်း အိမ်ထောင်မပြုသေးဘဲ တစ်ကိုယ်တည်းလွတ်လွတ်လပ်လပ်နေထိုင်ပြီး မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်ပေးနေတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။

စည်သူမောင်က လက်ရှိအခြေအနေတွေမှာဆိုရင် အများနည်းတူ တစ်သွေးတည်း၊တစ်သားတည်းရှိနေတာဖြစ်ပါတယ်။စည်သူမောင်ကလည်း လမ်းပေါ်နေ့တိုင်းထွက်ပြီး လူထုလှုပ်ရှားမှုမှာ အားတက်သရော ပါဝင်နေတာဖြစ်ပါတယ်နော်။စည်သူမောင်တို့ အနုပညာရှင်အသိုင်းအဝိုင်းက အခုလိုအချိန်မျိုးမှာ အိမ်ထဲမှာပဲ အေးအေးဆေးဆေးမနေကြဘဲ ပြည်သူတွေဘက်က ဝန်းရံနေကြတာဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေဟာဆိုရင်လည်း အရမ်းစည်းလုံးကြပြီး အားမာန်အပြည့်ရှိကြလို့ ဖေဖော်ဝါရီလကုန်ခါနီးထိတိုင်အောင် မမောမပန်းနိုင်ကြသေးတာဖြစ်ပါတယ်နော်။

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ဟာဆိုရင် တပို့တွဲလပြည့်နေ့ဖြစ်တာကြောင့် ပြည်သူလူထုကတော့ ဒီနေ့ကတည်းကသနပ်ခါးတွေလိမ်းပြီး လမ်းပေါ်ထွက်ကြမယ်လို့ စီစဉ်ထားကြတာဖြစ်ပါတယ်။စည်သူမောင်ကလည်းပြည်သူလူထုနဲ့အတူ ပါဝင်ဆင်နွှဲရအောင်လို့ သနပ်ခါးစစ်စစ်ကို ကိုယ်တိုင်သွေးပြီး မျက်နှာအနှံ့ကို သေချာလိမ်းခြယ်ထားတာဖြစ်ပါတယ်။စည်သူမောင်ကတော့ Maskတပ်ထားပေမယ့်လည်း သနပ်ခါးလိမ်းထားတာမြင်ရတယ်ဆိုတာကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သနပ်ခါးနဲ့ပုံရိပ်တွေ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။