Knowledge

ယုံကြည်ချက်တွေအတွက်နေပူပူထဲ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ပြည်သူတွေကို ကြာဇံကြော်တွေပေးဝေလှူဒါန်းခဲ့တဲ့ ပိုးကြာဖြူခင်

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ MRTV-4 ဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားကာ အောင်မြင်စွာလျှောက်လှမ်းရပ်တည်နေသူကတော့ သရုပ်ဆောင်မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်..။

ဆိုင်းမိုင်လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်း ပြည်သလတွေနဲ့အတူ ရပ်တည်ပြီး မိသားစုလိုက် အင်တိုက်အားတိုက် အားဖြည့်ပါဝင်နေတာကိုလည်း တွေ့မြင်ရပါတယ်နော်..။

မိသားစုလိုက်လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေသလို အစားအသောက်တွေလည်း ပေးဝေလှူဒါန်းပြီး တတ်အားသရွေ့ပါဝင်နေတာကိုလည်း မကြာခဏဆိုသလို မြင်တွေ့ရတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာလည်း ဆိုင်းမိုင်တို့ မိသားစုလေးဟာ ကြာဇံကြော်တွေကိုယ်တိုင်ကြော်ပြီး ယုံကြည်ချက်တွေအတွက်နေပူပူထဲ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ပြည်သူတွေကို ပေးဝေလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ဝေမျှလာပါတယ်နော်..။

တို့မိသားစု ကြာဇံကြော်အလှူ

ဆိုပြီး တတ်နိုင်သလောက်အားဖြည့်ပါဝင်ခဲ့တဲ့ မိသားစုအလှူလေးကိုလည်း ပိုးကြာဖြူခင်က ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

အခုလို ပြည်သူတွေနဲ့အတူ ရပ်တည်နေပြီး ယုံကြည်ချက်နဲ့ အနာဂတ်တွေအတွက် အားလုံးနဲ့အတူကြိုးစားနေကြတဲ့ သူမတို့မိသားစုလေးကို ပရိသတ်တွေကလည်း သဘောကျကာအားပေးစကားလေးတွေလည်း အသီးသီးပြောထားကြတာလည်း တွေ့ရပါတယ်နော်..။