Knowledge

ဦးကျော်သူ ပြတ်သားပြီ …..

ဦးကျော်သူ ပြတ်သားပြီ …..

သရုပ်ဆောင်ကျော်သူ၏ နာရေးကူညီမှုအသင်းမှ ရဲနှင့်စစ်တပ်မိသားစုများကို အကူအညီမပေးတော့ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပရဟိတလုပ်ငန်းများလုပ်ဆောင်နေသည့် သရုပ်ဆောင်ကျော်သူ၏ နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် ရဲနှင့် စစ်တပ်မိသားစုများကို စျာပန၊ လူနာတင်ယာဉ်၊ ဆေးကုသမှု မည်သည့်အကူအညီမှမပေးတော့ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဠ သရုပ်ဆောင်ကျော်သူ၏ဇနီး နာကူအသင်း၏အတွင်းရေးမှူးဟောင်းဖြစ်သည့်ဒေါ်ရွှေဇီးကွက်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သို့သော် အာဏာရှင်ဆန့်ကျင်သည့် (CDM) ပြုလုပ်သည့် မိသားစုများကိုမူ ချွင်းချက်အနေဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာဏာရှင်ကိုဆန့်ကျင်ကန့်ကွက် ဆန္ဒဖော်ထုတ်သူများကို အင်အားသုံးကာဖြိုခွင်းခံရမှုများကြောင့် လူသေဆုံးမှုများဖြစ်ပေါ်ကာ ဒဏ်ရာပြင်းထန်သူများလည်း ရှိခဲ့သည်။

သို့ဖြစ်၍ အချို့မြို့နယ်များရှိ စျေးဆိုင်များတွင်လည်း ရဲနှင့် စစ်သားကို စျေးလုံးဝမရောင်းပါဟူ၍လည်း ဆိုင်းဘုတ်ချိတ်ဆွဲထားခြင်းများပြုလုပ်လျက်ရှိသည်။

TheVoiceDaily CDM