Knowledge

“၂ငါးလုံး အရေးတော်ပုံကြီးနဲ့ပက်သက်ပြီး အောင်လအန်ဆန်းသူက သူ့ရပ်တည်ချက်ကို ထုတ်ဖော်ပြီ”

၂ ငါးလုံးအရေးတော်ပုံကြီးနဲ့ပက်သက်ပြီး အောင်လအန်ဆန်းသူရဲ့ ရဲရဲတောက် ရပ်တည်ချက်

ဒီကနေ့ ၂၂၂၂၂ လူထုအရေးတော်ပုံကြီးနဲ့ ပတ်သက်ပြီး အောင်လအန်ဆန်က

သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ညပိုင်းက အခုလို ရေးသားဖော်ပြလိုက်ပါတယ်

ဒီနေ့မြန်မာနိုင်ငံကပြည်သူတွေအားလုံးမိမိတို့လိုချင်တဲ့အရာအတွက်၊

ငြိမ်းချမ်းစွာဆန္ဒပြနေတာကိုမြင်တွေ့ရတာအရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်။

မနေ့ညတုန်းကလည်းစစ်တပ်ကနေပြီးတော့ညအချိန်မှာစစ်ကားတွေနဲ့မြို့တွင်းမှာလက်နက်အပြည့်အစုံနဲ့

လှည့်လည်နေတဲ့ဗီဒီယိုဖိုင်တွေကိုလည်းကြည့်လိုက်ရပါတယ်။

ဒါတွေတင်မကပဲအပြစ်မဲ့မြန်မာပြည်သူတွေကိုညဖက်အချိန်တွေမှာဥပဒေမဲ့ပစ်ခတ်တာတွေ၊

အတင်းအဓ္ဓမဖမ်းဆီးခေါ်ဆောင်သွားတဲ့ဗီဒီယိုဖိုင်တွေကိုလည်းတွေ့မြင်ရတဲ့အတွက်၊

အရမ်းဝမ်းနည်းမိပြီးဒီလိုလုပ်ဆောင်မှုတွေကိုပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။

ဒီအဖြစ်အပျက်တွေကိုတွေ့မြင်ရလို့၊နောက်ထပ်ဆက်ပြီးဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေ၊အထူးသဖြင့်

ဒီနေ့အတွက်စိုးရိမ်စိတ်ဖြစ်မိပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေမှာလုပ်ဆောင်သွားတဲ့အရာတွေက

အရမ်းကောင်းမွန်ပါတယ်။ကျွန်တော်လည်းအပြည့်အဝထောက်ခံပြီး၊ပြည်သူတွေနဲ့တသားထဲရပ်တည်ပါတယ်။

အားလုံးပဲကျွန်တော်တို့ယုံကြည်တဲ့အရာအတွက်စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ဆက်လက်လုပ်ဆောင်နိုင်ဖို့အမြဲတမ်းဆုတောင်းပေးနေပါတယ်။

ကျွန်တော်တို့အားလုံး၊အဓိကရည်ရွယ်ချက်ကိုအပြည့်အဝအာရုံစိုက်ပြီးတော့၊

ကျွန်တော်တို့ရဲ့ပြင်းပြတဲ့စိတ်ခံစားမှုတွေ၊ဒေါသတွေကိုအကောင်းဆုံးထိန်းချုပ်ပြီး

ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ဆီရောက်ဖို့အတွက် တစ်ဦးတစ်ယောက်ဆီတိုင်းမှာတာဝန်ရှိပါတယ်။

မြန်မာပြည်သူတွေအားလုံးအတွက်၊ကျွန်တော်အမြဲတမ်းဆုတောင်းပေးနေပါတယ်။

အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။

It brings me great joy to see my people protest peacefully today.

I have seen many other videos and pictures of the military mobilising their forces into the cities last night.

Furthermore I have also been seeing footage of unlawful shootings and

the abductions of many innocent civilians late at night which I fully condemn. This made me worry what will happen next especially today.

I am inspired by what the Myanmar people are doing and support your cause.

I continue to pray that you all stay strong and continue to fight for what you believe.

Please continue to remain focused, responsible and don’t let anger take over your emotions. I will always be keeping you in my prayers!

God Bless