Knowledge

ဖခင်ဖြစ်သူက စစ်သားဖြစ်နေလို့ မိဘအဖြစ်မှ စွန့်လွှတ်လိုက်ကြောင်းကြေငြာလိုက်တဲ့ သားဖြစ်သူ ဆရာဝန်လေး

အဖေ စစ်သား ဖြစ်နေ၍ သားမှ မိဘအဖြစ်စွန်လွှတ်လိုက်သာ ဆရာဝန်

အဖေ စစ်သား ဖြစ်နေ၍ သားမှ မိဘအဖြစ်စွန်လွှတ်လိုက်သာ ဆရာဝန်

လားရှိုးမြို့နေ ပြည်သူများ ကျွန်တော်၏အပေါင်းအသင်းများနှင့် ဦးဇော်ဝမ်း(အဖေဖြစ်ခဲ့ဖူးသူ) သိစေရန်

ကျွန်တော် ဒေါက်တာစိုင်းကောင်းထက်ဇော် ၏ ဖခင်အရင်းဖြစ်သူ

တကက ဇော်ဝမ်း (ထောက်လှမ်းရေး ၉-(ငြိမ်း)) သည် ယခု အချိန်ကာလတွင် စစ်တပ်ထောက်ခံသူ ဖြစ်သည့်အပြင်..မင်းအောင်လှိုင်၏လုပ်ရပ်အား မှန်ကန်သည်ဟု ထောက်ခံနေပါသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အား ပုတ်ခတ်စွပ်စွဲ ပြောဆိုသည့် ပိုစ့်များအားလည်း အဆက်မပြတ်တင်လျက်ရှိပါသည် ။

ထို့အပြင် ကျွန်တော့ မိခင်၏ ယခုလက်ရှိစစ်အာဏာရှင်များအား မထောက်ခံကြောင်း ဆန္ဒပြမှုများအပေါ် ခြိမ်းခြောက် ဆဲဆိုသည်ကို လည်း သိရပါသည်။

ယခု အချိန်တွင် ဦးဇော်ဝမ်းသည် အာဏာမရှိ လက်နက်မရှိ စစ်တပ်မြဝတီဘဏ် အစောင့် လုပ်နေသော်ညား..ယခင် ထောက်လှမ်းရေးတပ် ၉ စစ်မှုထမ်းဟောင်းများနှင့် ဖွဲ့စည်းကာ လားရှိုးမြို့ CDM လုပ်နေသူများ..CDM ဦးဆောင်နေသူများ ကို ဖြိုခွင်းမည်ဟု သွေးထိုး စစ်တပ်လော်ဘီ ပို့စ်များအား တွေ့မြင်ရပါသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ကျွန်တော့ အတွက် ဖခင်၏ လုပ်ရပ်များသည် လွန်စွာ အကျည်းတန် ရှက်စရာကောင်းပါသည်။

သို့ဖြစ်ပါ၍ ဖခင်ဖြစ်သူ ဦးဇော်ဝမ်း (ခ)တကက ဇော်ဝမ်း(ြင်မ်း) အား ယနေ့မှစ ကျွန်တော်၏ အဖေ အဖြစ် မသတ်မှတ်နိုင်ကြောင်း…၎င်း ပြုပြုသမျှ ကိစ္စအရပ်ရပ်သည် ကျွန်တော် စိုင်းကောင်းထက်ဇော် နှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါကြောင်း..၎င်းပြုပြုသမျှ ကိစ္စအဝဝအား တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း ကြေညာအပ်ပါသည်။

(ဆရာဝန်ဖြစ်အောင်ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ၎င်း ၏လုပ်ရပ်များအား အကြိမ်ကြိမ်ဖြောင့်ဖြ သော်လည်း အဆင်မပြေသည့်အတွက် ခြေစုံကန်သည်ဟုလည်း သတ်မှတ်လိုက သတ်မှတ်နိုင်ပါသည်။မိသားစု တစ်စုတစ်စည်းထဲ ပြန်ဖြစ်အောင် ကျွန်တော် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မင်းအောင်လှိုင်၏ အာဏာသိမ်းမှုလုပ်ရပ်သည် ကျွန်တော်တို့ မိသားစုအား တစ်ပြိုတစ်ကွဲ ဖြစ်စေခဲ့ပါသည်။)

အကြိမ်ကြိမ်စဉ်းစားကာ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် နှစ်သိမ့်အားပေးခြင်း ဆွေးနွေးဖြောင့်ဖျ ခြင်း သည်းခံပါ