Knowledge

မြန်မာအမျိုးသမီး အင်ဂျင်နီယာ ဦးဆောင်တီထွင်တဲ့ ရဟတ်ယာဉ်ပါစက်ရုပ် အင်္ဂါဂြိုလ်ပေါ်ဆင်းပြီ..(ရုပ်သံ)

NASA က မြန်မာအင်ဂျင်နီယာ ဒေါ်မီမီအောင် ဦး ဆောင်ပြီး တီထွင်ထားတဲ့ Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာ ပါ စက်ရုပ်ယာဉ် Perseverance ဟာ အင်္ဂါဂြိုလ်ပေါ်ကို သတ်မှတ်ချိန်ဖြစ်တဲ့ အမေရိကန်စံတော်ချိန် ၃နာရီ ၅၅ မိနစ်မှာ အ.န္တ.ရာယ် ကင်းကင်းနဲ့ ဆင်းသက်နိုင်ပြီဖြစ်ပါတယ်။ဒါဟာ အမေရိကန် အာကာသစူးစမ်းရေးအဖွဲ့ နာဆာအတွက် နောက်ထပ်အောင်မြင်မှု တခုဖြစ်ပါတယ်။မြန်မာ-အမေရိကန် တစ်ဦးဖြစ်တဲ့ ဒေါ်မီမီအောင်Project Manager အဖြစ်ဦးဆောင်တဲ့NASA အင်္ဂါဂြိုဟ်ဆင်း အဝေးထိန်းရဟတ်ယာဉ်ဟာကျွန်တော်တို့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒီမနက်စောစောမှာပဲ အောင်မြင်စွာနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။ဆရာမဒေါ်မီမီအောင် အတွက် ဂုဏ်ယူရသလိုတစ်ဆက်တည်းမှာ တွေးမိတာကသူသာမြန်မာပြည်မှာနေပြီး အစိုးရဌာနတစ်ခုခုမှာအလုပ်လုပ်ခဲ့မယ်ဆိုရင်အခုလောက်ဆို လက်ထောက်ညွှန်မှုးနေရာတစ်ခုခုမှာအမျိုးသမီးအရာရှိတစ်ဦးအနေနဲ့ (ဒါမှမဟုတ်) တက္ကသိုလ်တစ်ခုခုရဲ့ ဌာနမှုးတစ်ယောက်အဖြစ်နဲ့ပဲဘယ်နယ်ပယ်က ပြောင်းလာမှန်းမသိတဲ့

အထက်ကလူကြီးခိုင်းတာလုပ်နေရမှာပါ။အခုလို ကမ္ဘာနဲ့ချီတဲ့၊ လူသားသမိုင်းနဲ့ ချီတဲ့အောင်မြင်မှုတစ်ခုမှာ ကိုယ်တိုင်ဦးဆောင်ခွင့်ရတာဒီနိုင်ငံမှာမနေဖို့ ရွေးချယ်ခဲ့လို့ဆိုတာ ငြင်းလို့မရပါဘူး။ဘယ်လောက်တော်တော်ဘယ်လောက်ကြိုးစားကြိုးစားရေခံမြေခံရှိမှပဲ အသီးအပွင့်ဝေဆာမှာပါ။တစ်ကမ္ဘာလုံးက Open Society ဖြစ်ဖို့စတင်ကြိုးပမ်းနေတဲ့ခေတ်တွေ၊စက်မှုခေတ်ကနေ နည်းပညာခေတ်ကိုပြောင်းဖို့ကြိုးပမ်းနေကြတဲ့.ခေတ်တွေအခုလက်ရှိ ICT ခေတ်တွေ၊ခေတ်အဆက် ဆက် ကျွန်တော်တို့ပြည်သူတွေခမျာအလုပ်မလုပ်ရဘဲ အာဏာရူး.သူ.ခိုးတွေကိုမောင်းထုတ်နေရတာနဲ့ပဲ နှစ်ပေါင်းများစွာအချိန်တွေကုန်ခဲ့ရပါတယ်။လူသားတွေ အင်္ဂါဂြိုဟ်ကို ဆင်းနိုင်ဖို့ကြိုးစားနေကြတဲ့ အခုခေတ်မှာလည်း တစ်ခါမလုပ်ရဲတာဘာမှမရှိဘူးဆိုသလိုခိုးတာကလွဲလို့လဲ ဘာမှမလုပ်တတ်တဲ့အာဏာရူးတစ်ကောင် တိုင်းပြည်ဖျက်လို့My father name is

U Ba. ခေတ်ကိုကျွန်တော်တို့ ပြန်ရောက်ရပါတော့မယ်။CDM ကို မလုပ်ဆောင်ရသေးတဲ့ပြည်သူ့ဝန်ထမ်းများခင်ဗျာ…ဒီနေ့ မနက်ဖြန် နောက်တစ်လ ဆိုတဲ့မျက် တောင်တစ်ဆုံးလေးကို မကြည့်ပါနဲ့။မိမိတစ်ယောက်တည်း၊ မိမိ မိသားစုတစ်ခုတည်းရဲ့ခဏတာ အဆင်ပြေရေးအတွက်တင် မဟုတ်ဘဲတိုင်းပြည်အနာဂတ်ကို ကယ်တင်ပေးနိုင်တဲ့အစွမ်းဟာပြည်သူ့ဝန်ထမ်းတွေမှာရှိပါတယ်။CDM လူနည်းရင် ခြိ.မ်း.ခြေ.ာက်မယ်။CDM လူများရင် ပြန်ချော့မယ်။CDM အားလုံးလုပ်ရင် ဆင်းပြေးရမှာသေချာပါတယ်။CDM ကို ပူးပေါင်းပေးကြပါ။CDM ပါဝင်ပြီးသား ပြည်သူ့ဝန်ထမ်းတွေလည်းဆက်ပြီး တောင့်ထားပေးကြပါ။အခက်အခဲတစ်စုံတစ်ရာရှိရင်လည်းထောက်ခံအားပေးဝန်းရံနေကြတဲ့အဖွဲ့တွေအဆင်သင့်ရှိနေပါတယ်ခင်ဗျာ။