Celebrity


အရမ်းချစ်ရတဲ့ သူ့ရဲ့သားလေး နှစ်ယောက်ကို အရမ်းလွမ်း နေကြောင်း ရင်ဖွင့်စကား ရေးသား လာခဲ့တဲ့ ကိုပေါက်

မင်္ဂလာပါ ပရိတ်သတ် ကြီးတို့ရေ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ပုဒ်မ ၅၀၅ (က) နဲ့ အမှု ဖွင့်ထား ခံရတဲ့ ကိုပေါက် ဟာတော့ ဒီကနေ့မှာ သူ့သားလေး တွေကို လွမ်းကြောင်း ရင်ဖွင့် စကား ရေးသား လာခဲ့ပါတယ်။

ဒါရိုက်တာ ကိုပေါက်ဟာ အနုပညာလောက ထဲမှာ ဇာတ်ပို့ ဇာတ်ရံတစ်ယောက် အနေနဲ့ ကြိုးစား ခဲ့ရပြီး အခုဆိုရင်တော့ ရုပ်ရှင် ကားတွေကို ကိုယ်တိုင် ဦးစီး နေနိုင်ပြီ ဖြစ်တဲ့ ဒါရိုက်တာ တစ်ယောက် ဖြစ်လို့နေပါပြီ။

ကိုပေါက်ဟာ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့ပြည်တွင်း ရေး အ‌ခြေအနေ တွေကို လက်မခံ နိုင်တဲ့ အတွ‌က်ကြောင့် ပြည်သူတွေနဲ့ အတူ တစ်သား တည်း ရပ်တည် လာခဲ့ပါတယ်။

CDM အရေးမှာ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှု ကို အသုံးချပြီး လှုပ်ရှားတယ် ဆိုပြီးကိုပေါက် အပါအဝင် အနုပညာရှင် များစွာ ဝရမ်း ထုတ်ခံထားရတာပါ။

ဒီကနေ့မှာတော့ ကိုပေါက်ဟာ သူရဲ့ သားလေး နှစ်ယောက်ကို သူ ဘယ်လောက်လွမ်း နေကြောင်း ရင်ဖွင့်စကားလေး ရေးသား လာခဲ့ပါတယ်။

“သားရေ ဖေဖေလွမ်းလို့” ဒီအချိန်ဆို သားတွေကို အိပ်ယာကနှိုး မျက်နှာသစ် သွားတိုက် သနပ်ခါးလူးပေးပြီး မနက်စာ ပက်ဒီရှူးဝါး၂ခွက် ဖျော်ပေးနေကြ။

ဒီအချိန်ဆို သားငယ်လေးရဲ့ILBC online class သင်တဲ့အချိန် သူ့ဘေးမှာထိုင်ပြီး သားငယ်နဲ့ အတူတူ သူငယ်တန်းစာတွေ ကျွန်တော်ပြန်သင်နေကြ။

ဒီအချိန်ဆို YouTube အရမ်းကြည့်တဲ့ ကိုကြီးသော်ကို အော်ရ ဟစ်ရနဲ့သားအစ်ဖနှစ်ယောက် ရေအတူတူချိုးနေကြ။ ဒီအချိန်ဆို သားငယ်လေးက သူဆော့နေတဲ့ Lego အရုပ်ကလေးတွေ ပူးနေလို့ “ဒါလေးခွါပေးပါလား ပါပါး”လို့လာပြောနေကြ။

ဒီအချိန်ဆို သားသားတို့ ကြိုက်တဲ့ ပေါင်မုန့်ကြက်ဥ ကြော်စား တဲ့အချိန် စာပွဲမှာအေးအေး ဆေးဆေး ထိုင်မစားပဲ ဆော့ရင်း ကစားရင်းစားနေလို့ ငြိမ်ငြိမ်စားဖို့ ကျွန်တော့အသံကြီးနဲ့ အော်ဟစ်နေကြ။

ဒီအချိန်ဆို လမ်းမပေါ် သားသားတို့ စက်ဘီးထွက် စီးရင် ကျွန်တော် ကဘေးကနေ ပြေးလိုက်ပေးနေကြ။ ဒီအချိန်ဆို ကုတင်ပေါ်မှာ သား၂ယောက်နဲ့အတူ စမက်ဒေါင်းချနေကြ

ဒီအချိန်ဆို သားငယ်လေးရဲ့ဗိုက် ကိုလှန်ပြီး မုတ်ဆိတ်နဲ့ပွတ်ရင် သူအရမ် းအူတက်လို့ “တော်ပါတော့ပါပါးရယ် အရှုံးပေးပါတယ်”လို့ပြောနေကြ။

ဒီအချိန်ဆို ညအိပ်ခါနီးတိုင်း ဒီနေ့ ပါပါးနဲ့ဘယ်သူ အိပ်မှာလဲလို့မေးရင် ညီအစ်ကို ၂ယောက် ဗိုလ် ကျား သေနတ်စွဲနေကြ။ ဒီအချိန် သားနှစ်ယောက်ကို ကျွန်တော်နမ်းနေကြ။ သားရေ ဖေဖေလွမ်းတယ်။

ကိုပေါက်(ခေတ္တ ဝရမ်းပြေး)

20.2.2021

ကိုပေါက်ကတော့ သူ့ရဲ့ သားလေး နှစ်ယောက် ရဲ့ လိုအပ်တဲ့ အချိန်တိုင်း ရှိပေး ခဲ့တဲ့ အချိန်လေး တွေနဲ့ သူသားလေးတွေကို လွမ်းနေကြောင်း သူ့့ရဲ့ လူမှု ကွန်ယက် စာမျက်နှာကနေ တစ်ဆင့် ရင်ဖ‌ွင့်လာ ခဲ့တာပါ။

ပရိတ်သတ် တေ‌ွကလဲ အနုပညာရှင်တွေဟာ ဝရမ်းပြေး မဟုတ်ကြောင်း ပြည်သူတွေ အတွက် သူရဲကောင်းသာ ဖြစ်ကြောင်း အားတင်းထားဖို့ အားပေး စကားတွေ မှတ်ချက် ပေးထား ခဲ့ကြပါသေးတယ်။

ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး သာယာသော နေ့ရက်ကောင်း လေး များ ပိုင်ဆိုင် နိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက်ရပါတယ်။ Source ; Aung Min Naing