Knowledge


စစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာမှုကြောင့် လူမမည်ကလေးငယ်လေးတစ်ဦး ကြွေလွင့်သွားရရှာပြီ ….

ကျနော်တို့ မရရအောင် လွန်ဆွဲကယ်နေတဲ့ သားသား မင်းရှင်စော မနက်က ဆုံးသွားပါပြီ။

အရမ်းစိတ်နာစရာက သူ့ နှလုံးခွဲစိတ်ဖို့လိုအပ် တဲ့ catheter ကို ကျနော်တို့ New Zealand မှ မှာယူ လှူဒါန်းပြီး ရန်ကုန်လေဆိပ်သို့ 01 February 2021 တွင်ရောက်နေပါသော်လည်း၊ ရန်ကုန်လေဆိပ် အကောက်ခွန်အရာရှိ နှင့် အထက်အရာရှိ ဗိုလ်မှုး တစ်ဦးမှ မည်သို့မျှ ထုတ်မပေးနိုင်ကြောင်း၊ ဆရာဝန်ထောက်ခံစာကို လုံးဝ လက်မခံကြောင်း၊ Myanmar FDA လျှောက်ရမည်ဖြစ်ကြောင်း ငြင်းဆိုခဲ့သောကြောင့် ယနေ့အချိန်အထိ ထုတ်ယူခွင့်မရခဲ့ပါ။

နိုင်ငံတကာမှ ထောက်ခံချက်များကို New Zealand မှ ပံ့ပိုးပေးသော်လည်း၊ အတန်တန် တောင်းဆိုသော်လည်း Myanmar FDA မရှိလျှင်လုံးဝ မထုတ်ပေးပါဟု ငြင်းဆန်ခဲ့ပါတယ်။

ကလေးတစ်ယောက်၏ အသက်တစ်ချောင်းကိုပင်လုံးဝ မငဲ့ကွက်ဘဲ ဆရာဝန်များ CDM လုပ်ရကောင်းလားဆိုပြီး၊ ဆရာဝန်ဆေးစာကို ပယ်ချခဲ့သော ထို အထက်လူကြီး ၂ ယောက်၏ လူမဆန်သည့်လုပ်ရပ်ကို အပြင်းအထန် ရှုံ့ချပါသည်။

၎င်းတို့၏ မိသားစုဝင်များလည်း ထိုကဲ့သို့သော ကယ်လို့ရပါလျက်နှင့် တိမ်းပါးဆုံးရှံုးမှုများ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်။

စစ်အာဏာမလုလျှင် CDM လုပ်စရာအကြောင်းမရှိပါ၊ CDM မလုပ်ရလျှင် ယခုကဲ့သို့ပရိပက္ခ ဖြစ်စရာအကြောင်းမရှိပါ။ ဒါကြောင့် အာဏာလုစစ်အစိုးရ နှင့် လက်ပါးစေများ ၏ ပယောဂကြောင့် ယခုလိုဆုံးရှုံးရခြင်းပါ။

သားသား မင်းရှင်စော ယခုလို အာဏာတလွဲသုံးစားပြုလုပ်သည့် အာဏာရှင်များလက်အောက်တွင် ပြန်လည်မမွေးဖွားပါစေနဲ့ဆုတောင်းပါသည်။

May his strong little soul rest in peace 🙏🏻💔

စစ်အာဏာရှင်စနစ်ကျဆုံးပါစေ။

Credit: Ba Joe

ZN.H