Knowledge


မန္တလေးရဲ့အသည်းနှလုံးကြေကွဲခြင်းပါ

သားဖြစ်သူကင်ဆာရောဂါဝေဒနာသည်မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရုံးထုတ်မယ်ဆိုလို့လာစောင့်နေရှာတဲ့အသက်၉၃နှစ်ရှိပြီဖြစ်တဲ့ဖခင်ကြီးပါမောက္ခဒေါက်တာဦးချစ်မောင်ပါ။

ပညာတက်မျိုးရိုးမှဆင်းသက်လာသူပင်ကိုသဘာဝအနေအေးလှသည့် ဆရာဒေါက်တာဇော်မြင့်မောင်သည်၁၉၉၀ပြည့်ရွေးကောက်ပွဲတွင်NLDကိုယ်စားပြုယှဉ်ပြိုင်အနိုင်ရခဲ့ပြီးလွှတ်တော်ကိုယ်စားပြူကော်မတီ(CRPP)ဖွဲ့ရန်ကိုယ်စားလှယ်များကိုအမရပူရတွင်ဦးဆောင်လက်ခံသဖြင့်ဟုဆို၍ထောင်အနှစ်၂၀အချခံခဲ့ရပါတယ် ။

NLDထဲတွင် ထောင်သက်အရှည်ကြာဆုံးအဖြစ်၁၉နှစ်ကျော်နေခဲ့ရပါသည်။

စိတ်ထားမွန်မြတ်လှသူဆရာသည်မြစ်ကြီးနားထောင်ထဲတွင်နေနေရသည့်ကာလတွင်လည်းထောင်ပိုင်အဆက်ဆက်သားသမီးများကိုထောင်ပိုင်များအကူအညီတောင်းခံလာရာတွင်လည်းအာဃာတမထားဘဲမငြီးမငြူစာသင်ပေးခဲ့သူပါ။

၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင်ကျောက်ပန်းတောင်မြို့မှာအနှောက်အယှက်များကြားမှရင်ဆိုင်ယှဉ်ပြိုင်ပြီးမြို့မေတ္တာဖြင့်အပြတ်အသတ်နိုင်ခဲ့သူပါ၊၂၀၁၅ရွေးကောက်ပွဲတွင်ဇာတိအမရပူရမှပြန်ပြိုင်ပြီးဝန်ကြီးချုပ်ဖြစ်လာရာတိုင်းဒေသကြီးပြည်သူလူထုမှအထူးချစ်ခင်လေးစားအားကိုးရသူပါ။

ဆရာသည်ကင်ဆာဝေဒနာဆိုးရွားစွာခံစားနေရမှကံကောင်းစွာပြန်လာနိုင်သူနလန်ထပါ။

ယဲ့ယဲ့ဖဲကျနိသည့်မိမိအသက်ကိုအလေးမထားတိုင်းပြည်ကိုဦးစားပေးလွန်းသူပါ။

မိသားစုဝင်များမှာအထူးသဖြင့်ဆရာကတော်ဒေါက်တာယုယုမေ(အန်တီယု)ဟာ၁၉၉၂ကတည်းမျက်ရည်ကိုသုတ်အားတင်းထားရင်းသားသမီးများကိုဆရာဝန်ဖြစ်အောင်စွမ်းဆောင်ပေးခဲ့ပါတယ်။

ဘဝနောက်ဆုံးအချ်န်နီးပါးအထိနိုင်ငံရေးထဲမှာပေးဆပ်နှစ်မြုပ်ထားသူ မန္တ‌ေလး လူထုချစ်သောကင်ဆာရောဂါသည်ပါ။

ဆရာကျန်းမာစွာပြန်လာဖို့ဘုရားမှာ

သစ္စာဆို ဆုတောင်း မေတ္တာပို့ပေးနေပါ့မယ်ဆရာရယ်