Knowledge

ၿမိတ္က ညီကိုတစ္ေယာက္ က်သြားခဲ့ၿပီ ေနေနဝင္းထက္အသက္ ၁၈ ႏွစ္ဘဝက တိုလြန္းလွတယ္ညီ…

မြိတ်က ညီကိုတစ်ယောက် ကျသွားခဲ့ပြီ။ RIPမြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ပြီ…

နေနေဝင်းထက်အသက် ၁၈ နှစ်ဘဝက တိုလွန်းလှတယ်ညီ…

၁၅ ရက်နေ့ည ၊ သန်းခေါင်ကျော် ၂ နာရီခွဲမှာ လူငယ်တွေရဲ့တာဝန်။ ကင်းအလှည့်ကျစောင့်ရင်း မီးကွင်းပစ်နေပါတယ်ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်က အိမ်တွေကြားထဲပြေးဝင်သွားပါသတဲ့။

လှည့်ကွက်တွေပါဆိုတာ အထပ်ထပ်ပြောနေတဲ့ကြားက လိုက်ပါသူတွေနဲ့လမ်းလွဲ လူစုကွဲသွားတဲ့အခါ….ခေါင်းမှာဒဏ်ရာနဲ့ ဝေဒနါကိုလူးလှိမ့်၊ “သားဘာမှမဖြစ်ပါဘူး၊ သားရပါတယ်”ဆိုတဲ့စကား မင်းအထပ်ထပ်ပြောသေးတယ်နော်။

ဦးနှောက်နဲ့အာရုံကြော အထူးကုဆရာဝန်စုံအောင် စုံစမ်းရင်း မနေ့ကညနေမှာ ပရဟိတအသင်းရဲ့ကားနဲ့ မြိတ်မြို့ကထွက်လာကြတယ်။

ဒီမနက် ရန်ကုန်အလာလမ်း၊ ခရီးတဝက်မှာတင် အသက်မရှိတော့ဘူးတဲ့လား…

အဝေးသင်တက်ရင်း အလုပ်ရှာမယ်ဆိုတဲ့မင်း၊ ဂစ်တာတီးရင်း ဘဝကအေးဆေးပါဆိုတဲ့မင်း၊ သားကို English speaking သင်ပေးပါလို့ အတန်တန်ပူဆာတဲ့မင်း အခုတော့ အားလုံးကိုထားသွားခဲ့ရပြီနော်..။

အထွေးဆုံးသားမို့ မိဘတွေရင်ထဲ ဘယ်လောက်ခံစားရမလဲ။ ကိုယ်ချင်းစာမိပါရဲ့ကွာ…

လောကကြီးဟာ ဒီလိုပါပဲလို့ စုပုံအပြစ်တင်ရင် လူကြီးမပီရာကျမှာပေါ့။ စနစ်ဆိုးကြောင့် လွတ်လပ်မှုတို့ပျောက်ဆုံး၊ ပြည်သူ့ဘက်မှာ တာဝန်ပျက်ကွက်ကသူတွေကြောင့် မြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ပြီ…

မြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ပြီ……

မြိတ်ရာဇဝင်မှာ သွေးတွေစွန်းခဲ့ရပြီလေ……။

အတတ်နိုင်ဆုံး ညခင်းညဘက် သတိမပျက်စေချင်ပါဘူး။ ဒါပေမယ့် လိုတာထက်ပို ဒေါသတွေထွက်လို့လည်း မရဘူးလေ။ ချည်ပြီးတုတ်ပြီး အရိုက်ခံနေရတဲ့အခါ ကိုယ့်အသိဉာဏ်နဲ့ ထိုးထွက်နိုင်ကြပါစေ…။ မြိတ်ရေ…….။

credit

ၿမိတ္က ညီကိုတစ္ေယာက္ က်သြားခဲ့ၿပီ။ RIPၿမိတ္ရာဇဝင္မွာ ေသြးေတြစြန္းခဲ့ၿပီ…

ေနေနဝင္းထက္အသက္ ၁၈ ႏွစ္ဘဝက တိုလြန္းလွတယ္ညီ…

၁၅ ရက္ေန႔ည ၊ သန္းေခါင္ေက်ာ္ ၂ နာရီခြဲမွာ လူငယ္ေတြရဲ့တာဝန္။ ကင္းအလွည့္က်ေစာင့္ရင္း မီးကြင္းပစ္ေနပါတယ္ဆိုတဲ့အသံနဲ႔အတူ လူတစ္ေယာက္က အိမ္ေတြၾကားထဲေျပးဝင္သြားပါသတဲ့။

လွည့္ကြက္ေတြပါဆိုတာ အထပ္ထပ္ေျပာေနတဲ့ၾကားက လိုက္ပါသူေတြနဲ႔လမ္းလြဲ လူစုကြဲသြားတဲ့အခါ….ေခါင္းမွာဒဏ္ရာနဲ႔ ေဝဒနါကိုလူးလွိမ့္၊ “သားဘာမွမျဖစ္ပါဘူး၊ သားရပါတယ္”ဆိုတဲ့စကား မင္းအထပ္ထပ္ေျပာေသးတယ္ေနာ္။

ဦးေႏွာက္နဲ႔အာ႐ုံေၾကာ အထူးကုဆရာဝန္စုံေအာင္ စုံစမ္းရင္း မေန႔ကညေနမွာ ပရဟိတအသင္းရဲ့ကားနဲ႔ ၿမိတ္ၿမိဳ႕ကထြက္လာၾကတယ္။

ဒီမနက္ ရန္ကုန္အလာလမ္း၊ ခရီးတဝက္မွာတင္ အသက္မရွိေတာ့ဘူးတဲ့လား…

အေဝးသင္တက္ရင္း အလုပ္ရွာမယ္ဆိုတဲ့မင္း၊ ဂစ္တာတီးရင္း ဘဝကေအးေဆးပါဆိုတဲ့မင္း၊ သားကို English speaking သင္ေပးပါလို႔ အတန္တန္ပူဆာတဲ့မင္း အခုေတာ့ အားလုံးကိုထားသြားခဲ့ရၿပီေနာ္..။

အေထြးဆုံးသားမို႔ မိဘေတြရင္ထဲ ဘယ္ေလာက္ခံစားရမလဲ။ ကိုယ္ခ်င္းစာမိပါရဲ့ကြာ…

ေလာကႀကီးဟာ ဒီလိုပါပဲလို႔ စုပုံအျပစ္တင္ရင္ လူႀကီးမပီရာက်မွာေပါ့။ စနစ္ဆိုးေၾကာင့္ လြတ္လပ္မႈတို႔ေပ်ာက္ဆုံး၊ ျပည္သူ႔ဘက္မွာ တာဝန္ပ်က္ကြက္ကသူေတြေၾကာင့္ ၿမိတ္ရာဇဝင္မွာ ေသြးေတြစြန္းခဲ့ၿပီ…

ၿမိတ္ရာဇဝင္မွာ ေသြးေတြစြန္းခဲ့ၿပီ……

ၿမိတ္ရာဇဝင္မွာ ေသြးေတြစြန္းခဲ့ရၿပီေလ……။

အတတ္နိုင္ဆုံး ညခင္းညဘက္ သတိမပ်က္ေစခ်င္ပါဘူး။ ဒါေပမယ့္ လိုတာထက္ပို ေဒါသေတြထြက္လို႔လည္း မရဘူးေလ။ ခ်ည္ၿပီးတုတ္ၿပီး အရိုက္ခံေနရတဲ့အခါ ကိုယ့္အသိဉာဏ္နဲ႔ ထိုးထြက္နိုင္ၾကပါေစ…။ ၿမိတ္ေရ…….။

credit