Knowledge

လူထုလှုပ်ရှားမှုတွေမှာ တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တအားပါဝင်ကာ ပြည်သူနဲ့အတူရပ်တည်ခဲ့ကြတဲ့ ခိုင်သင်းကြည်တို့သားအမိ

လူထုလှုပ်ရှားမှုတွေမှာ တတ်နိုင်တဲ့ဘက်ကနေ တစ်တပ်တအားပါဝင်ကာ ပြည်သူနဲ့အတူရပ်တည်ခဲ့ကြတဲ့ ခိုင်သင်းကြည်တို့သားအမိ

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးခိုင်သင်းကြည်ကတော့အရွယ်နဲ့မလိုက်အောင်နုပျိုပြီးလှပနေသူတစ်ယောက်ပါ။သူဟာအနုပညာလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေတာဖြစ်ပြီးကျရာဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ဝါရင့်မင်းသမီးချောကြီးတစ်ယောက်ဖြစ်တဲ့အပြင်သမီးလေးစံထိပ်ထားဦးကိုလည်းပိုင်ဆိုင်ထားကာပျော်ရွှင်စရာမိသားစုဘ၀လေးကိုလည်း တည်ထောင်ထားတာဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်ပြည်သူပရိသတ်တွေနဲ့အတူအနုပညာရှင်တွေကလည်းလှုပ်ရှားမှုတွေမှာအားတက်သရောပူးပေါင်းပါဝင်နေကြတာဖြစ်ပြီးခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ကလည်းတက်ကြွစွာနဲ့ပါ၀င်နေတာဖြစ်ပါတယ်။အရှိန်အဟုန်ကောင်းစွာနဲ့လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင်နေရာအနှံ့အပြားမှာလုပ်ဆောင်နေကြတာကိုလည်းတွေ့ရပါတယ်နော်။

အခုဆိုရင်လည်းခိုင်သင်းကြည်တို့သားအမိနှစ်ယောက်ဟာတက်ကြွစွာလူထုလှုပ်ရှားမှုတွေကိုဆူးလေမှာသွားရောက်ပူးပေါင်းခဲ့ကြတာဖြစ်ပြီးစံထိပ်ထားဦးဟာလည်းသူမရဲ့Facebookစာမျက်နှာမှာကျွန်မတို့ဟာလူငယ်တွေပါကျွန်မတို့မှာအနာဂတ်ရှိတယ်ဆိုပြီးရေးသားကာတင်ပေးလာခဲ့တာဖြစ်ပါတယ်။ကဲပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။