Knowledge

အဖက်ဖက်က ကျပ်တည်းနေတဲ့အချိန်လေးမှာ အိမ်ထောင်စု (၅၅၀)အတွက် ကြည်နူးပီတိဖြစ်စရာအလှူလေးကို ထပ်မံပြုလုပ်ခဲ့တဲ့ စမိုင်းလ်

အဖက်ဖက်က ကျပ်တည်းနေတဲ့အချိန်လေးမှာ အိမ်ထောင်စု (၅၅၀)အတွက် ကြည်နူးပီတိဖြစ်စရာအလှူလေးကို ထပ်မံပြုလုပ်ခဲ့တဲ့ စမိုင်းလ်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့သရုပ်ဆောင်စမိုင်းကတော့တစ်ခေတ်တခါကဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးအောင်မြင်နေတဲ့သူတစ်ယောက်ပါ။လက်ရှိမှာတော့သူမဟာသာယာပျော်ရွှင်တဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပြီးအနုပညာအလုပ်တွေကိုလည်းအနည်း အကျဉ်းမျှသာပဲလုပ်ကိုင်နေတာတွေ့ပါတယ်။စမိုင်းလ်ဟာစကားပြောရင်ပွင့်ပွင့်လင်းလင်းနဲ့ပြောဆိုတတ်ပေမဲ့စိတ်သဘောထားပြည့်ဝပြီးသူတစ်ပါးကိုအမြဲကူညီပေးတတ်တဲ့သူပဲဖြစ်ပါတယ်။

ဒါ့အပြင်ဘာသာတရားကိုအထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီးအလှူအတန်းတွေကိုလည်းရက်ရက်ရောရောလှူဒါန်းပေးတာကိုတွေ့ရပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြတဲ့ပြည်သူပရိသတ်တွေအတွက်လည်းတတ်နိုင်တဲ့ဘက်ကစားသောက်စရာများ၊ရှေ့တန်းမှာလိုအပ်တဲ့ဦးထုပ်နဲ့ မျက်မှန်တွေအပြင်မီးဘေးအန္တရာယ်ကာကွယ်ရန်အတွက်မီးသတ်ဆေးဘူးတွေကိုလည်းလှူဒါန်းပေးခဲ့တာတွေ့မြင်ရပါတယ်။

ယခုအခုမှာလည်းစမိုင်းလ်တို့မိသားစုကနောက်ထပ်ကြည်နူးပီတိဖြစ်စရာအလှူလေးကိုထပ်မံပြုလုပ်ခဲ့ပါတယ်။ဒီအလှူလေးကတော့အောင်ဇမ္ဗူဆရာတော်ကျောင်းတွင်အိမ်ထောင်စု(၅၅၀)အတွက်တစ်အိမ်ကိုဆန်(၂)ပြည်စီဖြင့်လှူဒါန်းဒါနပြုခဲ့တာဖြစ်ပါတယ်။