Knowledge


USရေတပ်က တောင်တရုတ်ပင်လယ်ကိုအထိုင်ချလိုက်ပြီလို့ တရားဝင်ကြေငြာလိုက်ပြီ။အဲဒီမှာပဲ17ရက်စလုံးဘာလေသံမှမဟခဲ့ကြတဲ့တရုတ်ကလေသံစပြောင်းသွားသလိုတရုတ်ရဲ့မွေးစားသားသူပုန်အချို့ကလဲအခုမှအသံရဲရဲထွက်လာကြတယ်

။မြန်မာပြည်ဘာတွေဆက်ဖြစ်လာန်ုင်လဲဆိုတာအတတ်မပြောနိုင်ပေမဲ့ပုံမှန်မဟုတ်တဲ့အနေအထားတွေနဲ့အတူစစ်ရိပ်စစ်ငွေ့တွေသမ်းလာနေကြပြီဆိုတဲ့အခြေအနေတခုကိုဦးတည်နေတယ်လို့တော့အကြမ်းဖျဉ်းပြောလို့ရနေပါပြီ။ဖမ်းဆီးခံနေရတဲ့အမေစုနဲ့သမ္မတကြီးဦးဝင်းမြင့်တို့ကိုလုပ်ကြံထားတဲ့အမှုတွေနဲ့ရုံးထုတ်ခဲ့တာကိုမကျေမနပ်ဖြစ်နေကြတဲ့ပြည်သူအပေါင်းကဒီနေ့17-2-21ရန်ကုန်မှာလုပ်ခဲ့ကြတဲ့အထွေထွေသပိတ်ကြီးနဲ့အတူ

တနိုင်ငံလုံးကသပိတ်စစ်ကြောင်းကြီးများရဲ့လှုပ်ရှားမှုတွေကကတော့အံ့သြဘနန်းပါပဲ။ရန်ကုန်မြို့လမ်းမတွေပေါ်မှာထွက်ပြီးအထွေထွေသပိတ်ကြီးဆင်နွှဲနေကြတဲ့Gen.Z တွေကိုအားဖြည့်ပေးခဲ့ကြတဲ့Gen.Xနဲ့ Gen.Yတို့ရဲ့ကားဘောနက်ဖုံးတွေဖွင့်ထားတဲ့စက်ရပ်လှုပ်ရှားမှုကြီးကလဲကမ္ဘာကျော်ပါပဲ။လောလောဆယ်ကျားမြီးဆွဲထားရတဲ့အာဏာသိမ်းအဖွဲ့ကတော့အမြင်မှန်ရပြီးလမ်းမှန်ပေါ်ပြန်တက်လာမဲ့အနေအထားမှာမတွေ့ရသေးပါဘူး။

တကယ်တော့သူတို့အတွက်ကနေမထူးသေမထူးဖြစ်နေပါပြီ။အဲဒီတော့လည်းမထူးဇတ်ခင်းပြီးတိုင်းပြည်ကိုအလုံးစုံပျက်သုန်းရေးလမ်းကြောင်းပေါ်ကိုခေါ်သွားမဲ့သဘောမှာရှိပါတယ်။မိမိအကျိုးစီးပွားနဲ့တပ်မတော်အကျိုးစီးပွားယှဉ်လာရင်တပ်မတော်အကျိုးစီးပွားကိုဦးစားပေးသင့်ပြီး၊တပ်မတော်အကျိုးစီးပွားနဲ့တိုင်းပြည်အကျိုးစီးပွားယှဉ်လာရင်တိုင်းပြည်အကျိုးစီးပွားကိုသာဦးစားပေးရမယ်ဆိုတဲ့တပ်မတော်ရဲ့အနှစ်သာရတွေဟာပျောက်ဆုံးသွားပြီး။

လူတယောက်ရဲ့အကျိုးစီးပွားအတွက်တပ်မတော်ရဲ့အကျိုးစီးပွားသာမကတိုင်းပြည်ရဲ့အကျ်ုးစီးပွားကိုပါချနင်းသွားတာကိုသဘောမပေါက်နိုင်ကြသူတွေကတော့လက်နက်မရှိတဲ့ပြည်သူတွေကိုရန်သူလိုသဘောထားပြီးဆက်ဆံနေတာကိုအမိန့်အရဆိုပြီး ဆင်ခြေပေးနေကြဆဲ။ဘာပဲပြောပြောမြန်မာပြည်သားအများစုကြီးအတွက်ကတော့သန်းကောင်ထက်ညမနက်တော့ပါ

။လောလောဆယ်အဖမ်းခံနေရတဲ့အမေဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွှတ်မြောက်ရေး၊နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ပြန်လည်လွန်မြောက်ရေး၊ပြည်သူ့အာဏာပြန်လည်ရရှိရေး၊စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး တို့အတွက်ကျောင်းသား၊ဝန်ထမ်း၊ပြည်သူအားလုံးကအားမလျော့ပဲလက်တွဲမဖြုတ်ကြစတမ်းဆက်လက်တိုက်ပွဲဝင်သွားကြဖို့လိုပါတယ်။ဒီပွဲမှာသရေဆိုတာမရှိစကောင်းပါ။Mission completedတို့၊ Game overတို့End gameတို့စတဲ့အသံတွေကိုပြည်သူတယောက်အနေနဲ့ကြားချင်နေမိတာတော့အမှန်ပါပဲ။

Credit.. M.M.H