Knowledge

ပြည်သူတွေကိုမထိခိုက်နိုင်အောင် ရှေ့ဆုံးကနေ ဒိုင်းတွေနဲ့အကာအကွယ်ပေးပြီး မားမားမတ်မတ်ရပ်တည်ပြခဲ့တဲ့ ပိုင်တံခွန်နဲ့တိုင်ရွန်တို့အဖွဲ့

ပြည်သူတွေကိုမထိခိုက်နိုင်အောင် ရှေ့ဆုံးကနေ ဒိုင်းတွေနဲ့အကာအကွယ်ပေးပြီး မားမားမတ်မတ်ရပ်တည်ပြခဲ့တဲ့ ပိုင်တံခွန်နဲ့တိုင်ရွန်တို့အဖွဲ့

နှာခမ်းနီမလေးတွေအသည်းစွဲအားပေးကြတဲ့မော်ဒယ်မင်းသားချောပိုင်တံခွန်နဲ့တိုင်ရွှန်တို့ကတော့အနုပညာလောကမှာကိုယ်စီအောင်မြင်နေတဲ့သူတွေဖြစ်ပါတယ်။ပိုင်တံခွန်တို့နှစ်ယောက်ကအနုပညာညီအစ်ကိုတွေဖြစ်သလိုအရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေလည်းဖြစ်ကြပါတယ်။ဒါကြောင့်ပိုင်တံခွန်နဲ့တိုင်ရွန်တို့ကသူတို့ကိုယ်တိုင်ရှေ့ဆုံးကနေဦးဆောင်ပြီးပြည်သူလူထုနဲ့အတူပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။

တိုင်ရွန်တို့သူငယ်ချင်းနှစ်ယောက်ကလတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်နေ့တိုင်းလမ်းပေါ်ထွက်ပြီးလူထုလှုပ်ရှားမှုပြုလုပ်နေရတာဖြစ်ပါတယ်။မနေ့ကတော့သူတို့နှစ်ယောက်ကပြည်သူတွေအများဆုံးစုဝေးတဲ့နေရာဖြစ်တဲ့ဆူးလေမှာအတူဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ပိုင်တံခွန်နဲ့တိုင်ရွန်တို့အဖွဲ့ကတော့သူတို့ချစ်ရတဲ့ပြည်သူတွေကိုမထိခိုက်နိုင်အောင်အကာအကွယ်ပစ္စည်းစုံစုံလင်လင်နဲ့ရှေ့ကနေစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။

တိုင်ရွန်ကတော့ငါတို့ဘာအပြစ်မှမလုပ်ခဲ့ဘူးဒါပေမဲ့ဒီမြေမှာမွေးဒီရေကိုသောက်ဒီမြေပေါ်မှာကြီးခဲ့လို့ငါတို့နိုင်ငံအတွက်ငါတို့အနာဂတ်တွေအတွက်ငါတို့ပြည်သူတွေမင်းတို့ရှေ့မှာဒူးထောက်ခဲ့ရတယ်ဘယ်တော့မှသွေးအေးသွားမယ်မထင်နဲ့ဆိုပြီးပုံတွေတင်ခဲ့သလိုပိုင်တံခွန်ကလည်းWe need the help.Please Save Myanmarဆိုပြီးလှုပ်ရှားမှုတွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။ပြည်သူတွေဘက်ကနေအခိုင်အမာရပ်တည်ကာကွယ်ပေးခဲ့တဲ့ပိုင်တံခွန်နဲ့တိုင်ရွန်တို့အဖွဲ့ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။