Knowledge

ေဒၚေအာင္ဆန္းစုၾကည္ မၾကာခဏ ေျပာေလ့ရွိတဲ့ “က်မမွာ ျပည္သူပဲရွိပါတယ္၊ ျပည္သူသာ အဓိကပါ”ဆိုတဲ့ စကားဟာ အေၾကာင္းမဲ့ မဟုတ္ခဲ့ပါ

Zawgyi

ဒီေန႔မနက္ပိုင္းက ေနျပည္ေတာ္မွာ ႐ုံးေရွ႕မွာေအးခ်မ္းစြာဆႏၵျပေနတဲ့ ေက်ာင္းသားေလးေတြကို ရဲကအတင္းဖမ္းဆီးသြားတဲ့အတြက္ ျပည္သူေတြစုေဝးၿပီး ခ်ဳပ္ေႏွာင္ထားရာေနရာကို ဝိုင္းၿပီး ျပန္လည္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ ေက်ာင္းသားေတြကိုျပန္လႊတ္ေပးခဲ့ပါတယ္။

ေန႔လည္ပိုင္းမွာေတာ့ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္အုတ္လမ္းက အဖြဲ႕ခ်ဳပ္ဌာနခ်ဳပ္႐ုံးကို စစ္ကား ၄ စီးနဲ႔ လာေရာက္ၿပီး အတင္းအဓမၼဝင္ေရာက္ဖို႔ႀကိဳးစားတာမွာ အဝင္မခံ တံခါးပိတ္ထားၿပီး ေဖ့စ္ဘုတ္ကတဆင့္အကူအညီေတာင္းခဲ့ပါတယ္။

နီးစပ္ရာေနရာမ်ားကေန လူငယ္ေတြ ျပည္သူေတြေရာက္ရွိလာၾကပါတယ္။ ႐ုံးခ်ဳပ္ေရွ႕မွာစစ္သားနဲ႔ရဲက အတားအဆီးမ်ားခ်ၿပီးပိတ္ဆို႔ထားတာကို ျပည္သူနဲ႔လူငယ္မ်ားက ျပန္လည္ဝိုင္းထားၿပီးထိုင္သပိတ္ဆင္ႏြဲေနစဥ္မွာ ေနာက္ကေန စစ္သားနဲ႔ရဲမ်ားထပ္မံမလာေရာက္ႏိုင္ေစဖို႔ျပည္သူမ်ားက ကားမ်ားျဖင့္ပိတ္ဆို႔ေပးခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ အဖြဲ႕ခ်ဳပ္႐ုံးေရွ႕ကစစ္ကားမ်ားျပန္သြားရပါတယ္။ ဒီျဖစ္စဥ္ႏွစ္ခုလုံးမွာ ျပည္သူရဲ႕အင္အားနဲ႔ စနစ္တ က်စုစည္းပိတ္ဆို႔ေတာင္းဆိုခဲ့လို႔ေအာင္ျမင္ရတယ္လို႔ေျပာရပါမယ္။

က်ေနာ္တို႔ေအာင္ျမင္မႈရဖို႔လက္တစ္ကမ္းသာလိုပါေတာ့တယ္။ ႏိုင္ငံတကာဖိအားကေမွ်ာ္မွန္းထားတာထက္ ပိုမ်ားၿပီး ျမန္ဆန္ေနပါတယ္။

ျပည္တြင္းအင္အားကလည္း လူငယ္ေတြနဲ႔ျပည္သူေတြရဲ႕စုစည္းမႈအားက စနစ္က်တယ္ ညီတယ္ စုေပါင္းေဆာင္႐ြက္ၾကတယ္။

ဝန္ထမ္းေတြရဲ႕ CDM ေၾကာင့္ အုပ္ခ်ဳပ္ေရးယႏၲ ရားကလည္းရပ္လုဆဲဆဲျဖစ္ေနပါၿပီ။ ဒီအေနအ ထားကို ေနာက္ထပ္ တစ္ပတ္ေလာက္ေတာင့္ခံ ထားႏိုင္ရင္ က်ေနာ္တို႔ေအာင္ျမင္ပါၿပီ။

ဆက္လက္ၿပီးအားထုတ္ေပးၾကပါ။ ျပည္သူသာလွ်င္အဓိကျဖစ္ပါတယ္။

Unicode

ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာ ရုံးရှေ့မှာအေးချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားလေးတွေကို ရဲကအတင်းဖမ်းဆီးသွားတဲ့အတွက် ပြည်သူတွေစုဝေးပြီး ချုပ်နှောင်ထားရာနေရာကို ဝိုင်းပြီး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ကျောင်းသားတွေကိုပြန်လွှတ်ပေးခဲ့ပါတယ်။

နေ့လည်ပိုင်းမှာတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်အုတ်လမ်းက အဖွဲ့ချုပ်ဌာနချုပ်ရုံးကို စစ်ကား ၄ စီးနဲ့ လာရောက်ပြီး အတင်းအဓမ္မဝင်ရောက်ဖို့ကြိုးစားတာမှာ အဝင်မခံ တံခါးပိတ်ထားပြီး ဖေ့စ်ဘုတ်ကတဆင့်အကူအညီတောင်းခဲ့ပါတယ်။

နီးစပ်ရာနေရာများကနေ လူငယ်တွေ ပြည်သူတွေရောက်ရှိလာကြပါတယ်။ ရုံးချုပ်ရှေ့မှာစစ်သားနဲ့ရဲက အတားအဆီးများချပြီးပိတ်ဆို့ထားတာကို ပြည်သူနဲ့လူငယ်များက ပြန်လည်ဝိုင်းထားပြီးထိုင်သပိတ်ဆင်နွဲနေစဉ်မှာ နောက်ကနေ စစ်သားနဲ့ရဲများထပ်မံမလာရောက်နိုင်စေဖို့ပြည်သူများက ကားများဖြင့်ပိတ်ဆို့ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အဖွဲ့ချုပ်ရုံးရှေ့ကစစ်ကားများပြန်သွားရပါတယ်။ ဒီဖြစ်စဉ်နှစ်ခုလုံးမှာ ပြည်သူရဲ့အင်အားနဲ့ စနစ်တ ကျစုစည်းပိတ်ဆို့တောင်းဆိုခဲ့လို့အောင်မြင်ရတယ်လို့ပြောရပါမယ်။

ကျနော်တို့အောင်မြင်မှုရဖို့လက်တစ်ကမ်းသာလိုပါတော့တယ်။ နိုင်ငံတကာဖိအားကမျှော်မှန်းထားတာထက် ပိုများပြီး မြန်ဆန်နေပါတယ်။

ပြည်တွင်းအင်အားကလည်း လူငယ်တွေနဲ့ပြည်သူတွေရဲ့စုစည်းမှုအားက စနစ်ကျတယ် ညီတယ် စုပေါင်းဆောင်ရွက်ကြတယ်။

ဝန်ထမ်းတွေရဲ့ CDM ကြောင့် အုပ်ချုပ်ရေးယန္တ ရားကလည်းရပ်လုဆဲဆဲဖြစ်နေပါပြီ။ ဒီအနေအ ထားကို နောက်ထပ် တစ်ပတ်လောက်တောင့်ခံ ထားနိုင်ရင် ကျနော်တို့အောင်မြင်ပါပြီ။

ဆက်လက်ပြီးအားထုတ်ပေးကြပါ။ ပြည်သူသာလျှင်အဓိကဖြစ်ပါတယ်။