Knowledge

သာသနာအတွက်လှူထားတဲ့ ငွေတွေကို သူခိုးနောက်မပါအောင်သူခိုးကိုမကြောက်မရွံဒုတ်နဲ့ ရိုက်ဖမ်းလိုက်တဲ့ အာဂအမျိုးသမီး








unicode

တခါတရံ ကျနော်တို့ ပတ်ဝန်းကျင်မှာ မထင်မှတ်ထားတဲ့ သူရဲကောင်းတွေ ရှိတတ်ကြပါတယ် ရုပ်ရှင်ဗီဒီယိုထဲကလို လူစွမ်းကောင်းတွေပေါ့ တခါတရံ ကျနော်တို့ ပတ်ဝန်းကျင်မှာ မထင်မှတ်ထားတဲ့ သူရဲကောင်းတွေ ရှိတတ်ကြပါတယ် ရုပ်ရှင်ဗီဒီယိုထဲကလို လူစွမ်းကောင်းတွေပေါ့ဒါပေမဲ့ ပြင်ပလောက က တာဝန်သိလူစွမ်းကောင်းတွေကတော့ ရုပ်ရှင်ထဲကလို ကိုယ်ပိုင်စွမ်းအားတွေ မရှိကြပါဘူး

ဒီလိုမရှိကြပေမဲ့လည်း သူတို့ရဲ့ နိုင်ငံကြီးသားပီသတဲ့ စိတ်ဓာတ် တာဝန်သိတဲ့ စိတ်ဓာတ် ရဲဝံ့တဲ့စိတ်ဓာတ်တွေက သူတို့ကို သူရဲကောင်းတွေ ဖြစ်စေတာပါပဲခုပြောပြမယ့်အကြောင်းအရာလေးကတော့ မိန်းမသားပေမဲ့ သူခိုးတစ်ယောက်ကို မကြောက်မရွံဒုတ်နဲ့ ရိုက်ဖမ်းပြီး သာသနာအတွက်လှူထားတဲ့ ငွေတွေကို သူခိုးနောက်မပါအောင် စောင့်ရှောက်နိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်အကြောင်းပါပဲ။

တခါတရံ ကျနော်တို့ ပတ်ဝန်းကျင်မှာ မထင်မှတ်ထားတဲ့ သူရဲကောင်းတွေ ရှိတတ်ကြပါတယ် ရုပ်ရှင်ဗီဒီယိုထဲကလိုလူစွမ်းကောင်းတွေပေါ့ဒါပေမဲ့ ပြင်ပလောက က တာဝန်သိလူစွမ်းကောင်းတွေကတော့ ရုပ်ရှင်ထဲကလို ကိုယ်ပိုင်စွမ်းအားတွေ မရှိကြပါဘူးဒီလိုမရှိကြပေမဲ့လည်း သူတို့ရဲ့ နိုင်ငံကြီးသားပီသတဲ့ စိတ်ဓာတ် တာဝန်သိတဲ့ စိတ်ဓာတ်

ရဲဝံ့တဲ့စိတ်ဓာတ်တွေက သူတို့ကို သူရဲကောင်းတွေ ဖြစ်စေတာပါပဲခုပြောပြမယ့်အကြောင်းအရာလေးကတော့ မိန်းမသားပေမဲ့ သူခိုးတစ်ယောက်ကို မကြောက်မရွံဒုတ်နဲ့ ရိုက်ဖမ်းပြီး သာသနာအတွက်လှူထားတဲ့ ငွေတွေကို သူခိုးနောက်မပါအောင် စောင့်ရှောက်နိုင်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်အကြောင်းပါပဲ။

ဖြစ်စဉ်လေးကတော့ စစ်ကိုင်းမြို့ပါရမီရပ် မဟာစည်းခုံကြီး ဘုရား မှာ အလှူခံပုံးခိုးယူဖေါက်နေသည့်သူခိုးကို နေ့စောင့်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ဒုတ်ဖြင့်ဝင်ရောက် ရိုက်နှက်ဖမ်းဆီးခဲ့တာပါအဲဒီလို မကြောက်မရွံရဲရင့်တဲ့ ဝန်ထမ်းအမျိုးသမီးကို စစ်ကိုင်းကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးအောင်ကြီးကနေ ဆုငွေ ကျပ်နှစ်သိန်း ချီးမြှင့်ခဲ့ပါတယ်

ဒီလိုဆုချခဲ့တာကလည်း ဥက္ကဋ္ဌ ဦးအောင်ကြီးဟာ စစ်ကိုင်းတဲကြီးသား ဖြစ်လို့ စစ်ကိုင်းမြို့ နဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာ တိုးတက်ရာ တိုးတက်ကြောင်း တတ်နိုင်တဲ့ဘက် က စေတနာ သန့်သန့်နဲ့ကူညီခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်

ဒါ့အပြင်တာဝန်ကိုကျေပွန်စွာထမ်းဆောင်တဲ့ ဝန်ထမ်းကိုချီးမြှင့်တာဖြစ်ပြီးတော့ တရားဥပဒေစိုးမိုးရေးအတွက်ကို ရည်ရွယ်ပါတယ်လို့ ဆိုသွားပါတယ် ခုလို ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သလို မိန်းမသားတန်မဲ့ တာဝန်သိစွာနဲ့ သူခိုးရန်ကို ရဲရဲရင့်ရင့် ကာကွယ်ခဲ့တာ အမျိုးသမီးဟာလည်း ချီးကျူးလေးစားစရာပဲဖြစ်ပါတယ်