Knowledge


ဆေးမှင်ကြောင်ရင်ဘတ်မှာပါတဲ့ ၅၅ ၆၀ ဝန်းကျင်အမျိုးသားလူကြီးတယောက်ကိုတွေ့ရင်ပြောပေးကြပါ ။

ဘယ်လိုပြောပြလို့ပြောပြရမှန်းမသိဘူး အဖေ

8.11.2020 တည်းက နေရပ်ကနေ တပ်ကုန်းမှာနေတဲ့တဦးတည်းသွေးသားအရင်းသမီးစီသွားမယ်ဆိုပီးအဝတ်တထည်ကိုယ်တခုနဲ့ထွက်သွားတယ်ဆိုတဲ့ ဖေကြီး

အေးလှတဲ့ဆောင်းညတွေဘယ်အရပ်ဘယ်ဒေမှာ အံတုရင်းဖြတ်ကျော်နေရရှာမလည်း

အခုလိုကာလမျိုးမှာ ပိုတောင်ရင်တွေပူတယ် မှတ်ပုံတင်လည်းမရှိ သန်းခေါင်စာရင်းမိတ္တူလေးနဲ့ ကြောက်ကြောက်လန့်လန့်အားကိုးရာရှာနေမလား ဖေကြီးကကြောက်တတ်တယ်။

တခြားတယောက်နဲ့ဖြစ်ဖြစ်ဆက်သွယ်ပေးပါ ဖေကြီးရယ် တစုံတစ်ခုနဲ့ဖြစ်ဖြစ် ရင်တွေပူလွန်းလို့ပါ ဖေကြီးသမီးဖုန်းနံပတ်ကိုမေ့မသွားဘူးဆိုတာသမီးသိတယ်ဖေကြီး ဆက်သွယ်ပါဖေကြီးရယ်…

အမည် …. ဦးအုန်းမြင့်ပါ ရင်ဘတ်မှာနဲ့လက်ဖျံနှစ်ဖက်စလုံးမှာ ဆေးမှင်ကြောင်ပါပါတယ်မြွေနဲ့နင်္ဂါးရုပ်

ဆေးမှင်ကြောင်ရင်ဘတ်မှာပါတဲ့ ၅၅ ၆၀ ဝန်းကျင်အမျိုးသားလူကြီးတယောက်ကိုတွေ့ရင်ပြောပေးကြပါ ။

နလံထူစထွက်သွားတာပါ လူကောင်းပါ ဘာမှမလုပ်ကြပါနဲ့တောင်းပန်ပါတယ် 🙏 သတင်းပေးကြပါ ။

Credit Lusoemalay

Seen by Wai

unicode










Credit Lusoemalay

Seen by Wai