Celebrity

မီးဘေးအန္တရယ်ကာကွယ်နိုင်ဖို့အတွက် မီးသတ်ဆေးဗူးတွေကို ရပ်ကွက်ထဲကအိမ်တွေထိသွားပြီး လှူဒါန်း‌ပေးခဲ့တဲ့ စမိုင်းလ်

မီးဘေးအန္တရယ်ကာကွယ်နိုင်ဖို့အတွက် မီးသတ်ဆေးဗူးတွေကို ရပ်ကွက်ထဲကအိမ်တွေထိသွားပြီး လှူဒါန်း‌ပေးခဲ့တဲ့ စမိုင်းလ်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုအပြည့်အဝရရှိထားတဲ့မင်းသမီးချောလေးစမိုင်းလ်ကတော့ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပြီးလှူဒါန်းမှုတွေကိုလည်း အဆက်မပြတ်လုပ်နေတဲ့သူတွေဖြစ်ပါတယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေအရပ်ရပ်ကြောင့်စမိုင်းလ်တစ်ယောက်လည်းပရိသတ်တွေကိုတတ်နိုင်တဲ့ဘက်ကနေအဆက်မပြတ်လှူဒါန်းနေတာကိုတွေ့ရပါတယ်။

အရှိန်အဟုန်ပြင်းပြင်းနဲ့လုပ်ဆောင်နေကြတဲ့လူထုလှုပ်ရှားမှုတွေဟာဆိုရင်တစ်ရက်ပြီးတစ်ရက်အားကောင်းလာနေတာဖြစ်ပြီးအနုပညာရှင်တွေကလည်းတတ်နိုင်တဲ့ဘက်ကနေပါ၀င်အားဖြည့်နေကြတာဖြစ်ပါတယ်နော်။စမိုင်းလ်ဟာလည်းလူထုပရိသတ်တွေကိုနေ့စဉ်ရက်ဆက်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာဖြစ်ပြီးဒီနေ့မှာဆိုရင်လည်းမီးသတ်ဆေးဗူးတွေကိုလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်ဟာအခုလိုလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့သူမရဲ့ပုံရိပ်တွေကိုFacebookစာမျက်နှာမှာမီးဘေးအန္တရာယ်ကာကွယ်ရန်မီးသတ်ဆေးဗူးတွေအိမ်တွေကိုလိုက်ပေးအားလုံးဘေးအန္တရာယ်များမှကင်းကြပါစေဆိုပြီးရေးသားကာတင်ပေးလာခဲ့ပါတယ်။ကဲပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။