Knowledge


ရှေ့ကဦးဆောင်ကာအားကြိုးမာန်တက်သီချင်းတွေဆိုရင်းပြည်သူနဲ့အတူရဲရဲဝင့်ဝင့်လှုပ်ရှားမှုပြုလုပ်နေတဲ့လူမင်းရဲ့ဗီဒီယိုဖိုင်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့လူမင်းကတော့ဒါရိုက်တာအဖြစ်ရောသရုပ်ဆောင်အဖြစ်ပါအနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့သူတစ်ယောက်ပါ။အချိန်အတော်ကြာအောင်အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းလာခဲ့တဲ့လူမင်းကအနုပညာရှင်တွေနဲ့ပရိသတ်တွေရဲ့လေးစားချစ်ခင်မှုကိုခုချိန်ထိအခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်။

လူမင်းကတော့လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးပြည်သူတွေနဲ့အတူခုချိန်ထိရဲဝင့်စွာရပ်တည်ခဲ့သူတစ်ယောက်ပါ။နေရာအနှံ့အပြားမှာပြည်သူတွေသန်းနဲ့ချီပြီးလှုပ်ရှားမှုတွေပြုလုပ်နေကြတာဖြစ်ပြီးအနုပညာရှင်တွေတော်တော်များများလည်းပါဝင်ကာလမ်းပေါ်ထွက်လှုပ်ရှားမှုတွေနေ့စဉ်တိုင်းပြုလုပ်ခဲ့ကြတာပါ။

လူမင်းကသူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေအပြင်ဗီဒီယိုလေးတွေကိုလည်းပရိသတ်တွေလည်းသိရှိနိုင်စေရန်ဖေ့ဘွတ်အကောင့်မှာအမြဲဖော်ပြလေ့ရှိပါတယ်။အခုလည်းအနုပညာမောင်နှမတွေနဲ့အတူသူကိုယ်တိုင်ရှေ့ကဦးဆောင်ကာသံပြိုင်သီချင်းတွေဆိုရင်းလှုပ်ရှားမှုပြုလုပ်နေတဲ့ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီးလေးစားအားရမိတာကြောင့်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Video ကြည့်ရန်