Knowledge

တစ်သက်လုံး စိတ်ချမ်းသာစေဖို့ ဒီလိုလူမျိုးကို ရွေးချယ်ပါ

လောကမှာ အချစ်နဲ့လူတိုင်း မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် အချစ်တစ်ခုတည်းနဲ့တော့ မရပြန်ပါဘူး။

လူတစ်ယောက်နဲ့တစ်ယောက် လက်တွဲတော့မယ်ဆိုရင် အချစ်တစ်ခုတည်းကို ကြည့်လို့မရသလို၊ ရေရှည်မှာ အဆင်ပြေနိုင် မပြေနိုင်ဆိုတာကလည်း တကယ်ကို အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ခုဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့် အရာလေးတွေကတော့ သင့်ဘဝအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ယောကျ်ားလေးတစ်ယောက်မှာ ရှိနေရမယ့် အကျင့်စာရိတ္တတွေပဲ ဖြစ်ပါတယ်နော် …။

(၁) နားလည်မှုရှိရမယ်”

လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အချစ်တစ်ခုတည်းနဲ့ ရှင်သန်ရပ်တည်လို့ မရပါဘူး။

ရေရှည်တည်တံ့ပြီး၊ ရှေရှည်အဆင်ပြေဖို့ဆိုတာက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုရှိမှ ရပါမယ်။

နားလည်မှုရှိတဲ့ယောကျားဆိုတာ သင့်ရဲ့ ပင်ကိုယ်ဗီဇ၊ စိတ်နေစိတ်ထား၊ သင်ရဲ့အမူအကျင့်အားလုံးကို သေသေချာချာသိထားပြီး နားလည်ပေးတဲ့ သူမျိုးကိုသာ ရွေးချယ်ပါ …။

(၂) ရင့်ကျက်တဲ့သူ”

ရင့်ကျက်တယ်ဆိုတာ အသက်ငယ်တာ၊ ကြီးတာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ စိတ်သဘောထား ရင့်ကျက်တဲ့သူက ဘယ်အသက်အရွယ်ဖြစ်ဖြစ် ရင့်ကျက်ပါတယ်။

လူတစ်ယောက် ရင့်ကျက်၊ မကျက်ဆိုတာ သူ့စိတ်ကိုသူ ဘယ်လောက်ထိန်းနိုင်လဲ၊ ပြဿနာတစ်ခုခုဖြစ်လာရင် ဘယ်လောက်တည်ငြိမ်မှုရှိလည်း၊ ဘယ်လိုဖြေရှင်းသလဲ ဆိုတာကို ကြည့်ပြီး သိနိုင်ပါတယ်။

ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်တဲ့ သူကိုပဲ ရွေးချယ်ပါ …။

(၃) စာနာတတ်သူ”

စာနာမှုဆိုတာ လူတစ်ယောက်ရဲ့ပင်ကိုဗီဇနဲ့ အများကြီးသက်ဆိုင်ပါတယ်။ လူတစ်ယောက်ကို မစာနာတတ်တဲ့သူ၊

ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ့်ခံစားချက်ကိုပဲ ရှေ့တန်းတင်တတ်တဲ့ သူမျိုးတွေကတော့ ဘယ်တော့မှ တစ်ဖက်သားကို စာနာတတ်မယ့်သူတွေ မဟုတ်ကြပါဘူး။

ဒါကြောင့်မို့လို့ စာနာစိတ်ရှိတဲ့သူ၊ သနားကြင်နာတတ်တဲ့သူ၊ ကိုယ်ချင်းစာစိတ်ရှိတဲ့သူကို ရွေးချယ်ရမှာပဲ ဖြစ်ပါတယ် …။

(၄) တာဝန်ယူစိတ်ရှိသူ”

ယောကျ်ားဆိုတာ ဦးဆောင်ရမယ့်သူတွေဖြစ်ပါတယ်။ ဦးဆောင်တယ်ဆိုတာကလည်း တာဝန်ယူစိတ်ရှိတဲ့သူတွေပဲ လုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။

ယောကျ်ားတစ်ယောက်ဟာ တာဝန်ယူစိတ် ရှိလား၊ မရှိလားဆိုတာ သူ့အပြုအမူတွေက သက်သေပြနေပါလိမ့်မယ်။

သူပြောတဲ့စကားတွေအတိုင်း တည်ရဲ့လား၊ သူအလုပ်လုပ်တဲ့အခါ သေသပ်ရဲ့လား၊ လက်ကျောတင်းရဲ့လား၊ ဇွဲရှိရဲ့လားဆိုတာတွေက သက်သေပြနေပါလိမ့်မယ်။

အသေးအမွှားကအစ တာဝန်ယူစိတ်ရှိတဲ့ ယောကျ်ားမျိုးကို ရွေးပါ …။

(၅) သင့်ကို ချစ်တဲ့သူ”

ချစ်တယ်ဆိုတာ အပြောလွယ်သလောက် လုပ်ဆောင်ဖု့ိက ခက်ခဲပါတယ်။ သင့်ကိုချစ်တဲ့သူတစ်ယောက်ဟာ သင့်ကို ဘယ်လိုဖြစ်ဖြစ်၊ ဘယ်အခြေအနေပဲ ရောက်ရောက် ထားခဲ့မှာမဟုတ်ပါဘူး။

နှစ်တွေကြာလည်း သင့်အပေါ်ပြောင်းလဲသွားမှာမဟုတ်သလို၊ ဘယ်လိုအကြောင်းပဲရှိရှိ သင့်ကို စွန့်ခွာမသွားမယ့်သူပါ။

သင်က ချစ်တဲ့သူထက် သင့်ကိုချစ်တဲ့သူကို ရွေးချယ်ပါ။ ဒါဆိုရင်တော့ သင်စိတ်ချမ်းသာရမှာပဲ ဖြစ်ပါတယ်နော် …။ ။

Em Em