Celebrity

အိန္ဒိယ သံရုံးရှေ့မှာ သူငယ်ချင်းတွေနဲ့အတူ ဆာရီဝတ်စုံ ဆင်တူဝတ်ဆင်ပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရွှေပိုးအိမ်

အိန္ဒိယ သံရုံးရှေ့မှာ သူငယ်ချင်းတွေနဲ့အတူ ဆာရီဝတ်စုံ ဆင်တူဝတ်ဆင်ပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ ရွှေပိုးအိမ်

ချစ်ဖို့ကောင်းတဲ့မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ အနုပညာနယ်ပယ်မှာနေရာတခုရရှိနေပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ရွှေပိုးကMusic Videoတွေမှာပါဝင်သရုပ်ဆောင်ရင်းအနုပညာလောကထဲကိုစတင်ဝင်ရောက်လာသူဖြစ်လို့ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ရွှေပိုးအိမ်ကရုပ်ရှင်ဇာတ်ကား​ကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်တာကိုတွေ့ရပါတယ်။

ရွှေပိုးကချောမောလှပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့အပြင်ကိုယ်ခန္ဓာအလှကလည်းပြစ်ချက်မရှိတာကြောင့်ပုရိသပရိသတ်တွေရဲ့တစ်ခဲနက်အားပေးဝန်းရံမှုကိုရရှိထားတာပါနော်။သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့နေ့စဥ်လှုပ်ရှားမှုလေးတွေကိုလည်းလူမှုကွန်ယက်ဆိုရှယ်မီဒီယာထက်မှာဝေမျှလေ့ရှိတာဖြစ်ပါတယ်။လက်ရှိမှာတော့ရွှေပိုးကအနုပညာအလုပ်တွေကိုရပ်နားထားပြီးပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်နေတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုရွှေပိုးအိမ်ကပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေခဲ့ပြီးသူမချစ်ရတဲ့သူငယ်ချင်းတွေနဲ့အတူအိန္ဒိယသံရုံးရှေ့မှာသွားရောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။လူမှုကွန်ယက်ဖေ့ဘွတ်အကောင့်ထက်မှာရွှေပိုးအိမ်ကဆာရီဝတ်စုံလေးဝတ်ဆင်ပြီးရိုက်ကူးထားတဲ့အလှပုံရိပ်လေးတွေကိုတင်ပေးလာတဲ့အပြင်အိန္ဒိယသံရုံးရှေ့မှာဆိုတဲ့စာသားလေးကိုလည်းရေးသားထားတာဖြစ်လို့ပရိသတ်တွေကြည့်ရှုစေဖို့အတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။