Celebrity

ပြည်သူတွေဘက်ကနေ စွမ်းအားရှိသလောက် ကြိုးစားပြီးထပ်မံဝန်းရံပေးတဲ့ ပြည်သူ့အချစ်တော် ပိုင်တံခွန်

ပြည်သူတွေဘက်ကနေ စွမ်းအားရှိသလောက် ကြိုးစားပြီးထပ်မံဝန်းရံပေးတဲ့ ပြည်သူ့အချစ်တော် ပိုင်တံခွန်

လတ်တလောကမှာဘုန်းကြီးဝတ်ထားတဲ့ပုံတွေကြောင့် နိုင်ငံတကာထိအောင်မြင်မှုတွေရရှိခဲ့တဲ့မင်းသားချောပိုင်တံခွန်ကတော့တောင့်တင်းတဲ့ဘော်ဒီနဲ့ဆွဲဆောင်မှုရှိတာကြောင့် နှာခမ်းနီမလေးတွေအသည်းစွဲအားပေးနေရတာလည်းဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းပိုင်တံခွန်ကပြည်သူတွေဘက်မှာကနေပထမဆုံးရပ်တည်လာခဲ့တဲ့အနုပညာရှင်ပဲဖြစ်တာကြောင့်ပရိသတ်များကလည်းပိုင်တံခွန်ကိုပိုပြီးအားရကျေနပ်မှုတွေရှိခဲ့ရပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ရေးမှာလည်းဝါရင့်အနုပညာရှင်တွေတောင်ပြည်သူတွေဘက်ကနေဝန်းရံဖို့ချိန်ဆနေကြတဲ့အချိန်မှာပိုင်တံခွန်ကတော့သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေဝန်းရံလာခဲ့တာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေရေးသားထားခဲ့မှုတွေကြောင့်နိုင်ငံခြားသတင်းတွေထဲမှာတောင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့အတူပိုင်တံခွန်ရဲ့ဓါတ်ပုံတွေကိုတွဲရက်ဖော်ပြခံခဲ့ရပြီးဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်းမှာလည်းပိုင်တံခွန်​လူမှုကွန်ယက်စာမျက်နှာထက်ကနေCDMမှာပါဝင်ကြဖို့ဝန်ထမ်းတွေကိုလည်းနိုးဆော်ထားပြီးတတ်နိုင်တဲ့ဘက်ကနေဆက်လက်ဝန်းရံနေဆဲဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ပိုင်တံခွန်ကတော့ပြည်သူတွေနဲ့အတူလမ်းမပေါ်မှာတိတ်ဆိတ်စွာဆန္ဒပြခဲ့ပုံတွေကိုလည်းလူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့သူမတူအောင်ဝန်းရံလာခဲ့ပုံတွေကြောင့်လည်းပရိသတ်တွေမှာအားအင်တွေနဲ့အတူအချစ်တွေတိုးလာရပြန်ပြီဖြစ်ပါတယ်။

Zawgyi Version

လတ်တလောကမှာ ဘုန်းကြီးဝတ်ထားတဲ့ပုံတွေကြောင့် နိုင်ငံတကာထိအောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသားချောပိုင်တံခွန်ကတော့ တောင့်တင်းတဲ့ဘော်ဒီနဲ့ဆွဲဆောင်မှုရှိတာကြောင့် နှာခမ်းနီမလေးတွေအသည်းစွဲအားပေးနေရတာလည်းဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းပိုင်တံခွန်ကပြည်သူတွေဘက်မှာကနေပထမဆုံးရပ်တည်လာခဲ့တဲ့အနုပညာရှင်ပဲဖြစ်တာကြောင့် ပရိသတ်များကလည်းပိုင်တံခွန်ကိုပိုပြီးအားရကျေနပ်မှုတွေရှိခဲ့ရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ရေးမှာလည်းဝါရင့်အနုပညာရှင်တွေတောင်ပြည်သူတွေဘက်ကနေဝန်းရံဖို့ချိန်ဆနေကြတဲ့အချိန်မှာပိုင်တံခွန်ကတော့သူရဲ့ဖေ့ဘုတ်စာမျက်နှာထက်ကနေဝန်းရံလာခဲ့တာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့လူမှုကွန်ယက်စာမျက်နှာထက်ကနေရေးသားထားခဲ့မှုတွေကြောင့်နိုင်ငံခြားသတင်းတွေထဲမှာတောင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့အတူပိုင်တံခွန်ရဲ့ဓါတ်ပုံတွေကိုတွဲရက်ဖော်ပြခံခဲ့ရပြီးဖြစ်ပါတယ်။

နေ့စဉ်နေ့တိုင်းမှာလည်းပိုင်တံခွန် လူမှုကွန်ယက်စာမျက်နှာထက်ကနေ CDM မှာပါဝင်ကြဖို့ ဝန်ထမ်းတွေကိုလည်းနိုးဆော်ထားပြီးတတ်နိုင်တဲ့ဘက်ကနေဆက်လက်ဝန်းရံနေဆဲဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ပိုင်တံခွန်ကတော့ပြည်သူတွေနဲ့အတူလမ်းမပေါ်မှာတိတ်ဆိတ်စွာဆန္ဒပြခဲ့ပုံတွေကိုလည်းလူမှုကွန်ယက်မှာပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ်။

Credit