Celebrity

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေကို ကြည့်ရင်း ရင်ထဲဆို့လွန်းလို့ မျက်ရည်တောင် မကျနိုင်ဘူးဆိုတဲ့ ချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေ ကတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြ နေတဲ့ ပြည်သူတွေနဲ့အတူ ဆူးလေမှာ ပါ ဝင်ဆန္ဒပြ ခဲ့ပါတယ်။ သူကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေနဲ့ ပြည်သူတွေကို ကြည့်ရင်း ရင်ထဲဆို့လွန်း လို့ မျက်ရည်တောင် မကျနိုင်

ဘူးဆိုတဲ့ အကြောင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့က ဆန္ဒပြပုံရိပ်တွေနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။ “ရင်ထဲဆို့ နေတာပဲ အမှောင် ကျတော့မယ့် တိုင်းပြည် အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ် နေကြတဲ့ လူငယ်တွေ ဘယ်အချိန် ဘယ်

နေရာက လာမယ် မှန်းမသိတဲ့ ကျည်ဆံတွေကို တောင်မကြောက် စည်းလုံးပြီး လမ်းပေါ်ထွက်လာ ကြရှာရတာ။ ကျွန်မတို့ အားကိုးရမယ့် မော င်ငယ် ညီမငယ် လေးတွေ စည်းကမ်း လည်းရှိ စည်းလည်း စည်းလုံးကြတယ်။ ဒီတော့ ပြည် သူ့

ဝန်ထမ်းတွေ အနေနဲ့ CDM မှာပါဝင်ပြီး ရုံးမသွားကြဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ ရုံးမသွားပဲ အိမ်ထဲမှာ နေပေးရင်လဲ လမ်းမပေါ် ထွက်နေရ ရတဲ့ ပညာတတ် လူငယ် လေးတွေကို အပြန်အ လှန် အားပေးရာ ရောက်တာကို မမေ့လိုက်ပါနဲ့။

အားလုံးကို လုံခြုံနေစေ ချင်မိတာတော့ အမှန်ပဲ။ အထိရောက်ဆုံး ဖိအား ကိုထိရောက်စွာ ဝိုင်းဝန်းနိုင်ရင် ပညာသားပါပါ နိုင်ငံကို ကယ်တင်ရာ ရော က်မှာပါ။ ရင်ထဲဆို့လွန်းလို့ မျက်ရည်တောင် မကျနိုင် တာကြီးကွာ လုပ်ရက် လိုက်ကြတာ” လို့

လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားထားတာပါ။ ချစ်သုဝေ ကတော့ ဆန္ဒဖော်ထုတ် နေကြတဲ့ သူတွေ အတွက်လည်း ဓာတ်ဆားထုတ် အထုပ် နှစ်ထောင် လှူခဲ့တယ်လို့ သိရပါတယ်။ သမီးနှစ်ယောက်မိခင် ဖြစ်နေတာကြောင့် သူလုပ်ချင်တာ

တွေကို ဘေးကနေ fan တွေက စည်းစည်း လုံး လုံးနဲ့ ပါဝင်ပေး တယ်လို့လည်း ရေးသားထားပါသေးတယ်။ သိမ့်

(Unicode version) ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေနဲ့ ပြည်သူတွေကို ကြည့်ရင်း ရင်ထဲဆို့လွန်းလို့ မျက်ရည်တောင် မကျနိုင်ဘူးဆိုတဲ့ ချစ်သုဝေ