Knowledge



လက်သုံးချောင်း သင်္ကေတက ဘာလဲ” “ဘာကို ဆိုလိုတာလဲ” တဲ့ ညာဘက်လက်လက်သုံးချောင်းထောင်ပြီး လက်သန်းနဲ့လက်မကို ဖိကပ်ထားရတဲ့ လက်သင်္ကေတဟာ ကင်းထောက်ဘဝရဲ့အမွန်အမြတ်တစ်ခုလိုပါပဲ။

ဒီသင်္ကေတဟာ ကင်းထောက် ကတိသုံးပါးကို ကိုယ်စားပြုတဲ့ သင်္ကေတလည်း ဖြစ်သလို ဆာဘီးယားလူမျိုးတွေရဲ့ နှုတ်ဆက်တဲ့ သ င်္ကေတလည်း ဖြစ်ပါသတဲ့။ ဒါ့အပြင်လက်သုံးချောင်းသင်္ကေတဟာအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သင်္ကေတလည်း ဖြစ်လာခဲ့ပါတယ်။

အစပြုရာကတော့ Hunger Games ဆိုတဲ့ ရုပ်ရှင်ကားပါ။ အမေရိကန်စာရေးဆရာမSuzanne Collinsရဲ့ နာမည်ကျော် Hunger Games စာအုပ်ကို၂၀၁၂ခုနှစ်မှာ ဒါရိုက်တာ Gary Ross က ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

ဒီရုပ်ရှင်ကားမှာ ခရိုင်၁၂ခုက ပြည်သူတွေဟာ ပါလီမန်အဆောက် အအုံရဲ့ အကျိုးအတွက် ဆင်းရဲတွင်းနက်ခဲ့ကြတာပါ။ ပြည်သူတွေဟာတစ်နှစ်စာ အစာစားရဖို့အတွက် ခရိုင်အသီးသီးက စေလွှတ်လိုက်တဲ့ လက်ရွေးစင်တွေက တစ်ယောက်နဲ့တစ်ယောက် သေတဲ့အထိ ယှဉ်ပြိုင်တိုက်ခိုက်ကြရပါတယ်။

Credit : original writer=+