Celebrity

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာပြည်သူတွေနဲ့ တသားထဲ အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ မြင့်မြတ်

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာပြည်သူတွေနဲ့ တသားထဲ အင်တိုက်အားတိုက်ပါဝင်ခဲ့တဲ့ မြင့်မြတ်

ပရိသတ်တွေရဲ့အချစ်တွေကိုအချိန်အကြာကြီး အခိုင်အမာသိမ်းပိုက်ရရှိထားသူကတော့သရုပ် ဆောင်မင်းသားမြင့်မြတ်ပဲဖြစ်ပါတယ်။အနုပညာလောကတွင်သာမကပျော်ရွင်ကြည်နူးစရာကောင်းတဲ့မိသားစုဘဝလေးကိုပါဖန်တီး တည်ဆောက်ထားနိုင်တာလည်းဖြစ်ပါတယ်။

ပါဝင်သရုပ်ဆောင်ရတဲ့ဇာတ်ကားတိုင်းကိုလည်းအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာကြောင့်ပရိ သတ်တွေလက်ခံအားပေးတဲ့မင်းသားတစ်လက်ဖြစ်လာတာပါ။အခုဆိုရင်မြင့်မြတ်ရဲ့ချစ်ဇနီးကနောက်ထပ်ကိုယ်ဝန်ကိုလည်းလွယ်ထားရတာဖြစ်ပြီးမကြာခင်မှာမိသားစုဝင်အသစ်ထပ်တိုးတော့မှာဖြစ်ပါတယ်နော်။

မြင့်မြတ်ကတော့သားလေးမြတ်သူကိုလည်းအရမ်းချစ်ပြီးလိုလေသေးမရှိအောင်ဂရုစိုက်ပေးတာပါ။ပရိသတ်တွေကလည်းသူတို့မိသားစုရဲ့လှုပ်ရွားမှုလေးတွေကိုအမြဲစောင့်ကြည့်အားပေးနေတာလည်းဖြစ်ပါတယ်။အခုဆိုရင်မြင့်မြတ်ကရိုက်ကူးရေးတွေပြန်လည်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။

အလုပ်တွေကြိုးစားသလိုအလှူအတန်းတွေကိုလည်းတတ်နိုင်သလောက်လုပ်လေ့ရှိတဲ့မြင့်မြတ်ကတော့ လတ်တလောအခြေအနေများတွင်လည်းပြည်သူ့ဘက်မှ အပြည့်အဝရပ်တည်ကာပါဝင်ပေးတါကိုတွေ့ရပါတယ်နော်။

မကြာသေးခင်အချိန်ကမှလည်းသူ့ရဲလူမှုကွန်ယက်စာမျက်နှာမှာမန္တ​လေးမြို့မှာပြည်သူ​တွေနဲ့ထပ်တူ ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်နေပါတယ်ခင်ဗျာဟုဆိုကာ ပါဝင်လှုပ်ရှားခဲ့တဲ့ပုံရိပ်လေးတွေကိုမျှဝေပေးခဲ့ပြီး ပရိတ်သတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ရပါတယ်နော်။အစမှအဆုံးဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးလည်းသာယာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေနော်။

Credit