Knowledge

သွားမလုပ်နဲ့ အဲဒါ ဗိုလ်ချုပ်သမီးနော် ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး

ဘယ်သူ့ဘယ်သူကို မဆို လက်ဆွဲနှုတ်ဆက်တိုင်း လက်အိတ်မချွတ်တဲ့ ဗြိတိန် ဘုရင်မကြီးက ဒေါ်အောင်ဆန်းစုကြည် ကို လက်အိတ်ချွတ်ပြီး နှုတ်ဆက်ခဲ့တယ်။(သူလက်အိတ်ချွတ်ပြီး နူတ်ဆက်တဲ့သူ အမေစုအပါအဝင် ၅ယောက်မပြည့်ပါဘူး)

ရုရှား နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လာရင်အမြောက်ပစ်ပြီး ကြိုရတယ်။တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ကို ” ဦးဆွေးဆံမြေ့” ဆိုပြီး တိုင်းပြည်အတွက် ဦးခေါင်းက ဆံပင်တွေ ဆွေးမြေ့တဲ့ အထိ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး ဆိုပြီး ပန်းချီရေး ပြီး တင်စားကြတယ်။

အမေရိကန် နိုင်ငံမှာဒေါ်အောင်ဆန်းစုကြည် နေ့ ဆိုတာရှိတယ်။

နော်ဝေး နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံရှိတယ်။

စင်္ကာပူနိုင်ငံမှာဒေါ်အောင်ဆန်းစုကြည် နာမည် သစ်ခွပန်း ရှိတယ်။

ထိုင်းနိုင်ငံ မူလတန်း ကျောင်းသင်ရိုး မှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းထည့်သင်ရတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆိုတာ နောက်ထပ်မရနိုင်တဲ့ ဒီလိုခေါင်းဆောင်မျိုးပါ။

အခု သူဦးဆောင်တဲ့ရထားတွဲကြီး မြန်မာပြည် ရဲ့ အနာဂတ်ကို စတင်ထွက်ခွါနေပြီ။

မှီသေးတယ် လိုက်မှာ လား နေခဲ့မှာလား။

ကျုပ်ကတော့ အမေ့ကိုယုံလို့ ကလောင်ဆွဲပြီး မှီရာ အတွဲက လိုက်ခဲ့ပြီ။

credit