Knowledge

ဆြမ္းခံႂကြလာရင္း ဆိုင္ကအ႐ုပ္ေလးေတြကို ေငးၾကည့္ေနတဲ့ ကိုရင္ေလးကို ေမးၾကည့္လိုက္တဲ့ အခါ

ဆြမ္းခံႂကြလာရင္း ဆိုင္ကအ႐ုပ္ေလးေတြကို ေငးၾကည့္ေနတဲ့ ကိုရင္ေလးကို ေမးၾကည့္လိုက္တဲ့အခါ

ဒီေန႔ ေပ်ာ္သည္မိမိဆိုင္ေရွ႕မွာခ်ိတ္ထားတဲ့အ႐ုပ္ေလးေတြကိုရပ္ၾကည့္ေနတဲ့ကိုရင္ေလးကို …ကိုရင္ေလးဘုရားဆြမ္း၊ဆြမ္းဟင္းျပည့္စုံပါလားဘုရား လို႔ ေမးလိုက္ေတာ့ျပည့္စုံပါတယ္ ဒကာမႀကီး။ကိုရင္ေလးစာဝါလိုက္ေနပါလားဘုရားဆိုေတာ့၁ တန္းပါ တဲ့ .ကိုရင္ဘုရားအ႐ုပ္လိုခ်င္လို႔လားဘုရားလို႔ေမးလိုက္ေတာ့မိမိကို ျပဳံးစိစိနဲ႔ၾကည့္ၿပီးေခါင္းေလးၿငိမ့္ျပတယ္။

ကိုရင္ေလးလိုခ်င္တဲ့ကားအ႐ုပ္ေလးေတြကိုလႉေပးခဲ့တယ္။မိမိလႉေပးတာေတြ႕ေတာ့ေဘးကလူတစ္ခ်ိဳ႕ကကိုရင္ဆိုတာစာသင္ရမွာေလ ကစားရမွာ မဟုတ္ဘူးတဲ့ .အလြန္ဆုံးရွိ၆ – ၇ ႏွစ္ အရြယ္မိဘ နဲ႔ ေဝးၿပီးခုလို အလြန္ေအးတဲ့မႏၲေလး ေဆာင္းနံနက္ခင္း၆ – ၇ နာရီမိမိတို႔ အမ်ားစုကုတင္ေပၚ ေစာင္ျခဳံလို႔ေကြးေကာင္းတုန္း အခ်ိန္အေႏြးထည္ဦးထုပ္မပါေျခဗလာ ႏွင့္ဆြမ္းခံႂကြေနတဲ့ဘုရားသားေတာ္ကိုရင္ေလးေနရာဝင္ၾကည့္ပါ။

ကေလးဘဝအရြယ္မွာသူလည္းအေဖ့အိမ္မွာ ေပ်ာ္ခ်င္မွာပဲအေမ့ရင္ခြင္မွာ ေႏြးေထြးမႈေတြလိုခ်င္မိမွာပဲေလ …ေမာင္ႏွမ သူငယ္ခ်င္းေတြနဲ႔ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ကစားခ်င္မိမွာေပါ့ …ကိုရင္ေလးကိုအ႐ုပ္ေပးလႉခဲ့တာအျပစ္ျဖစ္တယ္တဲ့လား?သူတို႔ေလးေတြစာဝါလိုက္ခ်ိန္လိုက္ကစားခ်ိန္ကစားနားခ်ိန္နားၿပီးသာသနာေတာ္မွာေပ်ာ္မွျမတ္စြာဘုရား သာသနာေတာ္ႀကီးေရရွည္တည္တံ့ခိုင္ျမဲမွာမဟုတ္လား။

ကိုရင္ေလးေတြဆိုတာအနာဂါတ္ရဲ့စာခ်ဆရာေတာ္ေလာင္းတရားေဟာဆရာေတာ္ေလာင္းအရိယာေလာင္း ေတြလို ့ပဲၿမင္မိပါတယ္ သူတို႔ေလးေတြသာသနာေတာ္မွာေပ်ာ္ၾကပါေစ သာသနာေတာ္ႀကီးကိုေစာင့္ေရွာက္နိုင္ၾကပါေစ ကိုရင္ေလးကိုေနာက္ေနာင္ဆြမ္းဟင္းမျပည့္စုံရင္ပဲျဖစ္ျဖစ္လိုအပ္တာရွိရင္ပဲျဖစ္ျဖစ္တပည့္ေတာ္ဆိုင္ကိုႂကြခဲ့ပါဘုရားေတာ့ကိုရင္ေလး ျပဳံးျပခဲ့တဲ့ အျပဳံးကမိမိတစ္ဘဝလုံးအတြက္အျမဲ အမွတ္ရေစမွာျဖစ္သလိုမိမိတစ္ဘဝလုံးအတြက္အားေတြလည္းျဖစ္ေစပါတယ္။crd

unicode

ဆွမ်းခံကြွလာရင်း ဆိုင်ကအရုပ်လေးတွေကို ငေးကြည့်နေတဲ့ ကိုရင်လေးကို မေးကြည့်လိုက်တဲ့အခါ

ဒီနေ့ ပျော်သည်မိမိဆိုင်ရှေ့မှာချိတ်ထားတဲ့အရုပ်လေးတွေကိုရပ်ကြည့်နေတဲ့ကိုရင်လေးကို …ကိုရင်လေးဘုရားဆွမ်း၊ဆွမ်းဟင်းပြည့်စုံပါလားဘုရား လို့ မေးလိုက်တော့ပြည့်စုံပါတယ် ဒကာမကြီး။ကိုရင်လေးစာဝါလိုက်နေပါလားဘုရားဆိုတော့၁ တန်းပါ တဲ့ .ကိုရင်ဘုရားအရုပ်လိုချင်လို့လားဘုရားလို့မေးလိုက်တော့မိမိကို ပြုံးစိစိနဲ့ကြည့်ပြီးခေါင်းလေးငြိမ့်ပြတယ်။

ကိုရင်လေးလိုချင်တဲ့ကားအရုပ်လေးတွေကိုလှူပေးခဲ့တယ်။မိမိလှူပေးတာတွေ့တော့ဘေးကလူတစ်ချို့ကကိုရင်ဆိုတာစာသင်ရမှာလေ ကစားရမှာ မဟုတ်ဘူးတဲ့ .အလွန်ဆုံးရှိ၆ – ၇ နှစ် အရွယ်မိဘ နဲ့ ဝေးပြီးခုလို အလွန်အေးတဲ့မန္တလေး ဆောင်းနံနက်ခင်း၆ – ၇ နာရီမိမိတို့ အများစုကုတင်ပေါ် စောင်ခြုံလို့ကွေးကောင်းတုန်း အချိန်အနွေးထည်ဦးထုပ်မပါခြေဗလာ နှင့်ဆွမ်းခံကြွနေတဲ့ဘုရားသားတော်ကိုရင်လေးနေရာဝင်ကြည့်ပါ။

ကလေးဘဝအရွယ်မှာသူလည်းအဖေ့အိမ်မှာ ပျော်ချင်မှာပဲအမေ့ရင်ခွင်မှာ နွေးထွေးမှုတွေလိုချင်မိမှာပဲလေ …မောင်နှမ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးဆော့ကစားချင်မိမှာပေါ့ …ကိုရင်လေးကိုအရုပ်ပေးလှူခဲ့တာအပြစ်ဖြစ်တယ်တဲ့လား?သူတို့လေးတွေစာဝါလိုက်ချိန်လိုက်ကစားချိန်ကစားနားချိန်နားပြီးသာသနာတော်မှာပျော်မှမြတ်စွာဘုရား သာသနာတော်ကြီးရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်လား။

ကိုရင်လေးတွေဆိုတာအနာဂါတ်ရဲ့စာချဆရာတော်လောင်းတရားဟောဆရာတော်လောင်းအရိယာလောင်း တွေလို ့ပဲမြင်မိပါတယ် သူတို့လေးတွေသာသနာတော်မှာပျော်ကြပါစေ သာသနာတော်ကြီးကိုစောင့်ရှောက်နိုင်ကြပါစေ ကိုရင်လေးကိုနောက်နောင်ဆွမ်းဟင်းမပြည့်စုံရင်ပဲဖြစ်ဖြစ်လိုအပ်တာရှိရင်ပဲဖြစ်ဖြစ်တပည့်တော်ဆိုင်ကိုကြွခဲ့ပါဘုရားတော့ကိုရင်လေး ပြုံးပြခဲ့တဲ့ အပြုံးကမိမိတစ်ဘဝလုံးအတွက်အမြဲ အမှတ်ရစေမှာဖြစ်သလိုမိမိတစ်ဘဝလုံးအတွက်အားတွေလည်းဖြစ်စေပါတယ်။crd