Knowledge

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလို့ မပျော်ပါနဲ့ဆိုတဲ့ ပန်ဆယ်လို…

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလို့ မပျော်ပါနဲ့။

လှောင်ပိတ်ခံနေရတဲ့လူထုဟာ လမ်းပေါ်ကို ပွင့်ထွက်လာကြတာမို့ အင်တာနက်ပြန်ဖွင့်ပြီး စိတ်ထွက်ပေါက်ပြန်ပေးတာပါ။

မနေ့က လမ်းပေါ်ကို လူတွေ စထွက်လာတယ်။

လူစုရခက်အောင်၊ ခြောက်ခြားသွားအောင် နာရီပိုင်းအတွင်း အင်တာနက်ပိတ်ချလိုက်တယ်။

ညမှာ သံပုံးတီးသံက ပိုကျယ်လာတယ်။

ရပ်ကွက်တွေထဲမှာ အမေစုလွတ်ပြီလို့ လိုက်အော်ပြီး False Hope တွေ ပေးတယ်။

ဒီနေ့ လမ်းပေါ်မှာ လူတွေ ပိုများလာပြီ။

အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်တယ်။

သူတို့ ဘယ်လိုအကွက်တွေခင်းခင်းပါ။

အမေစုကိုယ်တိုင် လွတ်ပါပြီလို့ မိန့်ခွန်းထွက်မပြောမချင်း လုပ်စရာရှိတာ ဆက်လုပ်ကြမယ်။

မနက်ဖြန် CDM ကို အရှိန်အဟုန်မြှင့်ကြမယ်။

သပိတ်ကြောင်းကို အရှိန်မဟုန်မြှင့်ကြမယ်။

သံပုံးကို နာနာတီးကြမယ်။

ပန်ဆယ်လို လမ်းပေါ်မထွက်ဘူးလား မေးမယ်ဆိုရင် နေရာအတိအကျ ပြောလို့ရတဲ့အခြေအနေမရှိပေမယ့် လူတွေထဲမှာ အတူရှိနေပါတယ်။

ကိုယ်က မြေပြင်မှာ ဦးဆောင်နိုင်သူမဟုတ်တဲ့ သာမန်လူပါ။

ကိုယ့်အင်အားက Online မှာပဲ ရှိတာမို့ Online ကို အာရုံစိုက် လုပ်မှာ ဖြစ်ပေမယ့်…..

စိတ္ခ်ပါ….

၂၁ အရေးအခင်းမှာ ငါမပါခဲ့ဘူးဆိုတာကို ငါကိုယ်တိုင် လက်မခံနိုင်ဘူး။

ယုံ

အခုအချိန်မှာ ငါ့ဘဝက ပျက်ပြီးသား

နောက်လှည့်စရာ မကျန်ဘူး။

FightForDemocracy

အိ ပန် ဆယ် လို