Celebrity


ရုပ်ရှင်အစည်းအရုံး အနေ နဲ့ ပြည်သူတွေ နှင့် တသားတည်း ရှိကြောင်း ထုတ်ပြန်

ဒီကနေ့၊ ဖေဖော်ဝါရီ (၅) ရက်နေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးအနေ နဲ့ “Civil Disobedience ပြုလုပ်၍

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူ့ဝန်ထမ်းများ နှင့်အတူ ပြည်သူ့ အတွက် ရပ်တည်ပေးသွားမည်

ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဆိုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

” မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဆိုတာ လောကသားတွေ ရဲ့ အကျိုးစီးပွား အတွက် အားလုံးက

တင်မြှောက်ထားတဲ့ အဖွဲ့အစည်းပါ။ ဒီအဖွဲ့ဟာ ဒီမိုကရေစီလမ်းစဉ်ကို လိုက်နာတဲ့ အဖွဲ့ ဖြစ်တ

ကြောင့် အများရဲ့ ဆန္ဒသဘောထားကို ယူပြီး လုပ်ခဲ့တာပါ။

အမှုဆောင် အယောက် (၂၀) ရှိတယ်၊ အယောက်၂၀ ရဲ့ သဘောထားကို ဘယ်လိုလဲ ဆိုတာ

အားလုံး ညှိနှိုင်းပြီးမှ လုပ်ခဲ့တာပါ။ အားလုံးသည် မတရားသဖြင့် အာဏာသိမ်းမှုကို မလိုလားကြဘူး။

သံဗုံးတီးတယ် ဆိုတာ ဘယ်သူကမှ နေ့တွက်ပေးပြီး ခိုင်းထားတာ မဟုတ်ပါဘူး။

ကျနော်တို့ အစည်းအရုံး အနေနဲ့ ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့အတွက်

ပြည်သူတွေနဲ့ တသားတည်း ရှိနေမယ်ဆိုတာကို ဒီနေ့ ကြေညာလိုက်တာပါ”လို့ မြန်မာနိုင်ငံ

ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး သရုပ်ဆောင် ဦးဝင်းမြိုင်က ယခုလို ပြောပြခဲ့တာ ဖြစ်ပါတယ်။

#MyanmarCelebrity

unicode