Knowledge

နေပြည်တော်နဲ့ မိုင်တထောင်အရပ်မှာ အမေရိကန်ရေတပ်လေတပ်များရောက်နေပြီ

CVN-68 နဲ့ ဗမာ့နိုင်ငံရေးပစ္စုပ္ပန်

ဒုတိယကမ္ဘာစစ်ကာလတွင်းတာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရီကန်ရေတပ်ဗိုလ်ချုပ် ချက်စတာနစ်မစ်ဇ်နာမည်ကိုအစွဲပြုမှည့်ခေါ်ထားတဲ့နစ်မစ်ဇ်အဆင့်သတ်မှတ်ထားချက်နဲ့လေယာဉ်တင်သင်္ဘောတွေဟာ နျူကလီးယားလောင်စာသုံးတွေပါ။ ရေထဲအနှစ် (၃၀) မနားမရပ်သွားနိုင်ကြပါတယ်။

အဲဒီလေယာဉ်တင်သင်္ဘောတစင်းပေါ်မှာ လူ ၃၀၀၀ လောက်ပါဝင်တာကြောင့် မြို့တခုရေပေါ်ရွေ့တာနဲ့အတူတူပါဘဲတဲ့။ နစ်မစ်ဇ်တွေထဲကမှ CVN-68 ကိုတည်ဆောက်စဉ်က ကန်ဒေါ်လာတစ်ဘီလျံသုံးစွဲခဲ့ပါသတဲ့။ တကယ်တမ်းနိုင်ငံတကာရေပိုင်နက်ထဲသွားလာပြီဆိုရင်တော့ လေယာဉ်တင်သင်္ဘောဟာတစီးထဲထီးတည်းသွားလာတာမျိုးမဟုတ်ဘဲ ဖျက်သင်္ဘောတွေ၊ ဖရီးဂိတ်တွေ၊ ခရူဇာတွေ၊ ရေငုပ်သင်္ဘောတွေဝန်းရံသွားလာတာမျိုးပါ။

လေယာဉ်တင်သင်္ဘောရဲ့ ၅ မိုင်စက်ဝန်း၊ ၁၀ မိုင်စက်ဝန်းစသဖြင့် သတ်မှတ်ထားတဲ့တားမြစ်ဧရိယာထဲ ရူးကြောင်ကြောင်နဲ့ဝင်လာမိရင်တော့ အစရှာမရဖြစ်သွားမှာမုချပါဘဲ။ လေယာဉ်တင်သင်္ဘောကိုဝန်းရံလိုက်ပါစောင့်ရှောက်တဲ့ဖျက်သင်္ဘောတစင်းမှာပါတဲ့နျူကလီးယာထိပ်ဖူးတပ်ဒုံးကျည်တင်ဘဲ မြောက်ကိုးရီးယားလိုတိုင်းပြည်ကို မိနစ်ပိုင်းအတွင်းပြာကျသွားလောက်အောင်အစွမ်းထက်တာမျိုးပါ။

အမေရီကန်ဟာ တောင်အော်မြောက်အော်လျှောက်လျှောက်မအော်လို့သာပါ။ အမေရီကန်ရေတပ်ဟာ ကမ္ဘာမှာအင်အားအကြီးဆုံးဖြစ်တဲ့အပြင် ဒုတိယအကြီးဆုံးလေတပ်လည်းဖြစ်နေပါသေးတယ်။ တရုတ်ကတောင်ပြောမြောက်ပြောပြောနေပေမယ့် တရုတ်ရေတပ်ဟာ ကန်ရေတပ်ထက် ဆယ်စုနှစ်တခုစာနောက်ကျဆဲပါဘဲတဲ့။

ဒါကြောင့် တိုင်ဝမ်ရေလက်ကြားထဲ လေယာဉ်တင်သင်္ဘော ရော်နယ်လ်ရေဂန်ဝင်ချသွားတော့ တရုတ်ဘာမှမလုပ်ဝံ့တာပါ။ ၂၀၂၁ ဖေဖော်ဝါရီ (၁) ရက်နေ့မှာတော့ အီရန်နားမှာထားတဲ့ CVN-68 ကို ပန်တဂွန်ကနေရာရွှေ့လိုက်တာ အိန္ဒိယသမုဒ္ဒရာထဲရောက်နေပါပြီတဲ့။ ခေတ်အမှီဆုံး F-35B တိုက်လေယာဉ်တွေပါတပ်ဆင်ပေးထားတဲ့နစ်မစ်ဇ်သင်္ဘောအုပ်ဟာ ရေထဲမှာလည်းသူ့ကိုယှဉ်ပြိုင်စီးချင်းထိုးနိုင်တဲ့ရေတပ်ကမ္ဘာမှာမရှိသလို လေထဲစီးချင်းထိုးနိုင်တဲ့လေတပ်ကမ္ဘာမှာမရှိပါဘူး။

စစ်ဆင်ရေးအမိန့်ဖြစ်တဲ့အတွက် နစ်မစ်ဇ်ဟာဘယ်တွေဝင်မယ်၊ ဘာတွေလုပ်မယ်၊ ဘာအမိန့်တွေကိုအကောင်အထည်ဖော်မယ်တော့ မသိရသေးပါဘူး။ ခရီးဆုံးဟာ ဟာဝိုင်ယီဖြစ်ပေမယ့် ဘယ်တော့ရောက်ရမယ်ဆိုတဲ့အချက်ကိုလည်း ဘယ်သူမှမသိရပြန်ပါဘူး။ ခန့်မှန်းတွက်ချက်ကြည့်ရသမျှတော့ နစ်မစ်ဇ်ရဲ့လတ်တလောတည်နေရာနဲ့ နေပြည်တော်ဟာ မိုင် ၁၂၀၀ ကျော်ကွာဝေးပါတယ်။

အဲဒီအချိန်မှာဘဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (၁၅) နိုင်ငံဟာ မင်းအောင်လှိုင်ဦးစီးတဲ့စစ်အစိုးရသစ်ကို တညီတညွှတ်ထဲကန့်ကွက်ခဲ့ကြပြီဖြစ်ပါတယ်။ သွေးမြေလည်းမကျသေး၊ လူထုကိုဂျင်းထည့်ပြီး (၇၂) နာရီငြိမ်အောင်လုပ်ထားတဲ့စစ်အစိုးရသစ်ရဲ့လည်လှပြီထင်တဲ့လုပ်ရပ်ဟာ လုံခြုံရေးကောင်စီထုတ်ပြန်ချက်ကြောင့် ကမောက်ကမဖြစ်ခဲ့ပါပြီ။

တိုက်ဆိုင်မှုတွေကတော့ အာရုံစိုက်ပြီးစောင့်တော့ကြည့်နေရမှာပါ။ကြည့်ရတာတော့ ၁၉၈၈ မှာ အထွေထွေသပိတ်ဖြစ်ပြီးမှအာဏာသိမ်းခဲ့ပေမယ့်၂၀၂၁ မှာတော့ အာဏာသိမ်းပြီးမှ အထွေထွေသပိတ်ဖြစ်ဖို့အလားအလာများနေပါပြီ။ဒါ့အပြင်“အကယ်၍များနစ်မစ်ဇ်ဟာ ကပ္ပလီပင်လယ်ထဲချိုးဝင်လာပြီဆိုရင်တော့ … “ ။ ။

လေးစားလျက်

လင်းမြတ်