Knowledge


မြန်မာဘီယာနှင့် ချုပ်ဆိုထားသည့် ကြော်ငြာရိုက်ကူးမှု သဘောတူစာချုပ်အား ဖျက်သိမ်းပစ်လိုက်သည့် သရုပ်ဆောင် ခါရာ

မော်ဒယ်သရုပ်ဆောင် ခါရာမှ လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုကို နိုင်ငံသားတစ်ယောက်အနေဖြင့် လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်ပိုင် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သော မြန်မာဘီယာနှင့် ချုပ်ဆိုထားသည့် ကြော်ငြာရိုက်ကူးရေး သဘောတူစာချုပ်အား ဖျက်သိမ်းပစ်လိုက်တယ်လို့ သိရပါတယ်။

ခါရာဟာ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်လို့ ပြည်သူများနဲ့အတူ တစ်သားတည်း ရဲရဲ၀င့်၀င့် ရှေ့ထွက်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ထို့အပြင် အစိုးရ၀န်ထမ်း ပြည်သူများ၏ Civil Disobedience Movement ကိုလည်း အပြည့်အ၀ထောက်ခံရပ်တည်ခဲ့ကာ ယခုမူ သူကိုယ်တိုင် ထိုလှုပ်ရှားမှုတွင် ပါ၀င်သည့်အနေဖြင့် တပ်ပိုင်ကုန်ပစ္စည်းဖြစ်သည့် မြန်မာဘီယာနှင့်ချုပ်ဆိုထားသော ကြော်ငြာစာချုပ်အား ဖျက်သိမ်းလိုက်ဝာာဖြစ်ပါတယ်။

ဒါ့အပြင် ရှေ့ဆက်ပြီး စစ်အာဏာရှင်များနှင့် ဆက်စပ်သည့် မည်သည့်စီးပွားရေးလုပ်ငန်းနှင့်မျှ အနုပညာလှုပ်ရှားမှု ပြုလုပ်သွားမည်မဟုတ်ကြောင်းကိုလည်း အတိအလင်းကြေညာပြောဆိုလိုက်ပါတယ်။

“လက်ရှိ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ စတင်လိုက်တဲ့ Civil Disobedience Movement ကို အနုပညာရှင်တစ်ယောက်အနေနဲ့ရော၊ နိုင်ငံသားတစ်ယောက်အနေနဲ့ရော အပြည့်အဝထောက်ခံကြောင်း အရင်ရက်တွေတည်းက ကျွန်တော့် Post တွေကနေတစ်ဆင့် ပြောခဲ့ပြီးပါပြီ။

ကျွန်တော်တို့နဲ့အတူ နိုင်ငံတစ်ဝှမ်းမှာ အခုလို Civil Disobedience Movement မှာပါဝင်ဆောင်ရွက်နေကြတဲ့ ပြည်သူ့ဝန်ထမ်းများ၊အနုပညာရှင်မောင်နှမများနှင့် ပါဝင်သူတစ်ဦးတစ်ယောက်ချင်းစီကိုလည်း လေးစားဂုဏ်ယူမိပါတယ်။ ကျွန်တော့အနေနဲ့လည်း ဒီ CD Movement လှုပ်ရှားမှုတိုင်းမှာ တက်အားသရွေ့ ဆက်လက်ပါဝင်ဆောင်ရွက်သွားပါမယ်။

ဒါကြောင့် ယခုအချိန်ကစပြီး စစ်အာဏာရှင်များနှင့် ဆက်စပ်တဲ့ မည်သည့်စီးပွါးရေးလုပ်ငန်းကို ကြော်ငြာပေးခြင်း ၊အာဏာရှင်များနှင့်ဆက်စပ်နေသောထုတ်လုပ်ရေး (သို့) media များနှင့်လည်း မည်သည့် အနုပညာလှုပ်ရှားမှုမှ ပူးပေါင်းပြုလုပ်သွားမည် မဟုတ်ပါ​” သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

#civildisobidencemovement #KhaRa #Actor