Knowledge

အိမ်ကနေ လမ်းလျှောက်ထွက်လာရင်း တရုတ်နိုင်ငံအထိရောက်ရှိသွားခဲ့တဲ့ အမျိုးသမီးတစ်ဦး

အိမ်ကနေ လမ်းလျှောက်ထွက်လာရင်း တရုတ်နိုင်ငံအထိရောက်ရှိသွားခဲ့တဲ့ အမျိုးသမီးတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ အသက် (၅၉) နှစ် အရွယ် ဦး နှောက်ချို့ယွင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမအိမ်ရဲ့ အနီးဝန်းကျင်မှာနေထိုင်တဲ့ သားဖြစ် သူကို အလည်သွားဖို့ အိမ်ကနေ ထွက်လာရင်းနဲ့ (၈) လအကြာမှာတော့ တရုတ်နိုင်ငံအထိ ရောက်ရှိသွားခဲ့ပါတယ်။

Kaeomanee Arjaw အမည်ရှိတဲ့ အမျိုးသမီးက ထိုင်းနိုင်ငံ Chiang Rai မြို့မှာ နေထိုင်တဲ့သူဖြစ်ပြီး သူမကိုပြီးခဲ့တဲ့ January လက တရုတ်နိုင်ငံ Kunming မြို့မှာ တွေ့ရှိခဲ့ပါတယ်။ သူမကို တွေ့ရှိခဲ့ချိန်မှာတော့ သူမရဲ့ထိုင်းနိုင်ငံသားမှတ်ပုံတင် ကတ်ပြားကို ကိုင်ဆောင်လျက်သားဖြင့် တွေ့ရှိလာခဲ့ပါတယ်။

Kaeomanee မှန်းအတည်ပြုနိုင်ဖို့ သူမရဲ့သမီးဖြစ်သူ အသက် (၃၅) နှစ် အရွယ် Suchada နှင့် ထိုင်းတာဝန်ရှိသူများက ကိုယ် တိုင် သွားရောက်စစ်ဆေးလာခဲ့ပါတယ်။

သားအမိ နှစ်ယောက်ပြန်ဆုံတွေ့တဲ့ အချိန်မှာတော့ အတော်လေးကို ဝမ်းသာသွားခဲ့ကြပြီး ပွေ့ဖက်ကာ ငိုယိုခဲ့ကြပါတယ်။ အင်တာဗျူး တစ်ခုမှာတော့ Kaeomanee က သူမရဲ့သားဖြစ်သူကိုတွေ့ချင်လို့ လွန်ခဲ့တဲ့ (၈) လက နေအိမ်ကနေ ထွက်ခွာလာခဲ့တာဖြစ်ကြာင်း ဖြေကြားလာခဲ့ပါတယ်။

ကျွန်မ သားကိုတွေ့ဖို့ထွက်လာတာပါ။ သူ့ကိုတွေ့ပြီးတော့ ကျွန်မ လမ်းဆက်ပြီးလျှောက်နေခဲ့ပါတယ်။ အဲ့တုန်းက ဘေးပတ်ဝန်းကျင်မှာ ကားတွေလဲ မရှိဘူး။ ခြေလျင် လျှောက်ရင်းနဲ့ (၆၀၀) ကီလိုမီတာ အကွာအဝေးရှိတဲ့ တရုတ်နိုင်ငံ အထိရောက်ရှိလာခဲ့တာပါ။

ဖွင့်ထားတဲ့ ဆိုင်ငယ်လေးတွေ ဆီကနေ အစားအစာ လိုက်တောင်းစားရင်း လမ်းတစ်လျှောက် တစ် ယောက်တည်း လမ်း လျှောက်နေခဲ့တာပါဆိုပြီး ဖြေကြားလာခဲ့ပါတယ်။

Kaeomanee က သူမရဲ့ခရီးလမ်း တစ် လျှောက် (၂၀) ကီလိုဂရမ်အထိ ဝိတ်ကျသွားခဲ့ကြောင်း သိရပါတယ်။ ခု အချိန်မှာတော့ အသက် (၅၉)နှစ်အရွယ် Kaeomanee က မိသားစုဝင်တွေ ဆွေမျိုးတွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ပရိတ်သတ်တွေလည်း ၎င်း အမျိုးသမီးအပေါ် မှတ်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ စာဖတ်ပရိတ်သတ်ကြီးအားလုံးလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit