Knowledge


တွင်းထဲမှာ (၃၇)နာရီကြာ ပိတ်မိနေ ပေမယ့်လည်း သေကံ မပါ သက်မပျောက် ခဲ့တဲ့အသက် (၇၀) အရွယ် အဖိုးအို

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အသက် (၇၀) အရွယ် မလေးရှား နိုင်ငံ ကအဖိုးအို တစ်ယောက်ဟာ စားအုန်းဆီ စိုက်ခင်းကို သွားရင်း အနက် (၁၃)ပေရှိတဲ့ တွင်းထဲကို ကျခဲ့ပြီး (၃၇)နာရီ ကြာအောင် တွင်းထဲမှာ နေထိုင် ခဲ့ရပါတယ်။

အဆိုပါ အဖိုးက ပြီးခဲ့တဲ့ (၂၃) ရက်နေ့ နံနက်ပိုင်းက စားအုန်းဆီ စိုက်ခင်းထဲ အသီးခူးဖို့ သွားရင်း မတော်တဆ တွင်းထဲကို ကျသွားခဲ့ပါတယ်။

အဆိုပါ တွင်းဟာ အနက် (၁၃) ပေ ရှိပြီး ကျောက် စည်ပိုင်း တွေနဲ့ ကာထားတဲ့ တွင်းကြီးတစ်ခု ပဲ ဖြစ်ပါတယ်။ နံနက် (၉) နာရီပိုင်း လောက် မှာ တွင်းထဲကို ပြုတ်ကျ သွားခဲ့ တာဖြစ်ပြီး တွင်းရဲ့ နံရံ ပတ်ပတ်လည်မှာ ရေညှိတွေတက်နေ တာကြောင့် အပေါ်ကို ပြန်တက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

နေ့လည်ပိုင်း ထမင်းစား ပြန်မလာလို့ မိန်းမဖြစ်သူက ဆိုးရိမ်စိတ်နဲ့ စိုက်ခင်းထဲ လာရှာ ခဲ့ပေမဲ့ လည်း ကံမကောင်း စွာပဲ အဖိုးကို ရှာမတွေ့ခဲ့ပါဘူး။ စိုက်ခင်း ဖြစ်တာကြောင့် လူသွား လူလာနည်းပါပြီး အကူ အညီတောင်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

နောက်ဆုံး မှာတော့ ရှာဖွေရေးနှင့် ကယ် ဆယ်ရေးအဖွဲ့တွေက ဝိုင်းဝန်း ကူညီ ရှာဖွေ ပေးခဲ့တာကြောင့် (၂၄) ရက်နေ့ ညပိုင်း (၉) နာရီနဲ့ မိနစ် (၄၀)မှာ ရှာဖွေ တွေ့ရှိ ခဲ့ကျ ပါတယ်။

တွင်းထဲကနေ အန္တရာယ် ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး (၂) ရက် နီးပါး ကြာအောင် ပိတ်မိ နေ တာကြောင့် ရေနဲ့ အစာ ဆာလောင်တဲ့ ဒဏ်ကိုတော့ အတော် ခံခဲ့ ရပါတယ်။

ဒါ့ကြောင့် ရေနဲ့ ပေါင်မုန့် အချို့ကို ကျွေးပြီး အနီးဆုံး ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ ရပါတယ်။

တွင်းထဲကျနေတဲ့ အချိန် ရေဆာတဲ့အခါ တွင်းထဲမှာရှိတဲ့ ရွှံ့ရည်ကို သောက်ခဲ့ရပြီး စားစရာအတွက် တွင်းထဲကျတဲ့ ဖားကို စားခဲ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က အချိန်မှီရောက်လာခဲ့လို့ ကံကောင်းထောက်မစွာ အသက် ရှင်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့မှ သူ့ကို ရှာတွေ့ခဲ့ရင် တွင်းထဲမှာပဲ အစာရေဆာ ငတ်ပြတ်ပြီး သေဆုံးနေလောက်ပြီလို့ အဖိုးအို ကခုလို ပြောပြ ခဲ့ပါတယ်။ အဆုံးထိဖတ်ရှု့ အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကျပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။ Credit