Knowledge

မြန်မာနိုင်ငံ သမိုင်းမှာမရှိဘူး‌သေးတဲ့ ရေနံတောင်ကျေးရွာက ဝိဇ္ဇာဘာသာတွဲ ၆ဘာသာဂုဏ်ထူးရှင်

မြန်မာနိုင်ငံ သမိုင်းမှာမရှိဘူး‌သေးတဲ့ ရေနံတောင်ကျေးရွာက ဝိဇ္ဇာဘာသာတွဲ ၆ဘာသာဂုဏ်ထူးရှင်

မြန်မာနိုင်ငံ သမိုင်းမှာမရှိဘူး‌သေးတဲ့ ဝိဇ္ဇာဘာသာတွဲ၊ ၆ဘာသာဂုဏ်ထူး၊ အမှတ်ပေါင်း ၅၂၀ နှင့် ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ဝိဇ္ဇာဘာသာတွဲအမှတ်အများဆုံး Top 1 ကို ချင်းတိုင်းရင်းသားလေး မောင်ဝေယံလင်းကျော်၊ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှ ၁၆မိုင်ဝေးတဲ့ ရေနံတောင်ကျေးရွာ ကဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်သလို၊ အထူးသဖြင့် ချင်းလူမျိုးအတွက် သူရဲကောင်းတစ်ဦး မွေးဖွားလာတာဖြစ်ပါတယ်။သူငယ်ငယ်တုန်းက သူ့ဖခင် မြွေကိုက်လို့ဆုံးပါးခဲ့ပြီး၊ မုဆိုးမမိခင်နှင့် နေရပါတယ်။ မီးမရှိတဲ့ရွာမှာနေပြီး၊ ခုထိ တယ်လီဖုန်းတောင်မရှိပါ။

တို့ချင်းတိုင်းရင်းသားများ သူ့ဖခင်နေရာမှာ နေပေးကြရင်မကောင်းဘူးလား။ သူတာဝန်ကျေခဲ့ပြီ တို့လည်းတာဝန်ယူကြပါစို့လားခင်ဗျား။ ချင်းပြည်နယ် ကုန်သည်စက်မှုအသင်းနှင့် ဆက်သွယ်ပေးကြပါခင်ဗျား။သတင်းစုံပြောပြပေးသော မြန်မာ့အသံက မမြသင်းကို ကျေးဇူးတင်ပါတယ်။ 09779370345 ဆရာမကြီး ဒေါ်ကြည်ကြည်စိန် ကနေလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျား။