Knowledge





unicode

နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ရေးအရာရှိ ရာထူးမှနုတ်ထွက်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ အလုပ်ကနုတ်ထွက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ကိုဇော်နိုင်ဝင်းဟာဖေဖော်ဝါရီ (၃) ရက်နေ့ ဒီကနေ့ကစပြီး အလုပ်က နုတ်ထွက်သွားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့တာကြောင့် မိမိဆန္ဒအရ အလုပ်ကနုတ်ထွက်လိုက်တာလို့သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

ကိုဇော်နိုင်ဝင်း ဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူချိန်ကစပြီးကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်း ပြည်ပခရီးစဉ်တိုင်းမှာ အနီးကပ်လိုက်ပါခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။