Knowledge

လွန်ခဲ့တဲ့ ၄ရက်ကပင်သင်္ဂြိုဟ်ခံခဲ့ရသောခင်ပွန်းဖြစ်သူ အိမ်ပြန်ရောက်လာလို့ ထိတ်လန့်ဝမ်းသာသွားရတဲ့ ဇနီ

လွန်ခဲ့တဲ့ ၄ရက်ကပင်သင်္ဂြိုဟ်ခံခဲ့ရသောခင်ပွန်းဖြစ်သူ အိမ်ပြန်ရောက်လာလို့ ထိတ်လန့်ဝမ်းသာသွားရတဲ့ ဇနီ

ဟွန်ဒူးရပ်စ်နိုင်ငံ၊ El Carmen မှာထူးဆန်းတဲ့ သေရွာပြန်မှုတစ်ခုဖြစ်တောင့်ဖြစ်ခဲ ကြုံခဲ့ရပါတယ်။ အခင်းဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့(၄)ရက်ကကွယ်လွန်ပြီဆိုပြီ

းဈာပနကျင်းပခြင်းခံခဲ့ရတဲ့လူတစ်ယောက်ဟာ နေအိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာခဲ့တဲ့ဖြစ်စဉ်ပါ။ သေရွာပြန်အဖိုးအိုရဲ့

အမည်ကတော့ Julio ဖြစ်ပါတယ်။ သူရဲ့ဇနီး Victoria Sarmiento ကတော့ခင်ပွန်းမရှိတော့လို့ လွမ်းဆွတ်ပူဆွေးတဲ့မျက်ရည်တွေမှမခြောက်သေးခင်၊ (၄)ရက်အကြာမှာ

ခင်ပွန်းကိုအိမ်ရှေ့မှာဆိုက်ဆိုက်မြိုက်မြိုက် တွေ့ခဲ့ရတာပါ။ ဆိုရရင်မကျွတ်မလွတ်ဘဲအစွဲကြီးပြီးသရဲပြိတ္တာဘဝနဲ

အမည်ကတော့ Julio ဖြစ်ပါတယ်။ သူရဲ့ဇနီး Victoria Sarmiento ကတော့ခင်ပွန်းမရှိတော့လို့ လွမ်းဆွတ်ပူဆွေးတဲ့မျက်ရည်တွေမှမခြောက်သေးခင်၊ (၄)ရက်အကြာမှာ ခင်ပွန်းကိုအိမ်ရှေ့မှာဆိုက်ဆိုက်မြိုက်မြိုက် တွေ့ခဲ့ရတာပါ။

ဆိုရရင်မကျွတ်မလွတ်ဘဲအစွဲကြီးပြီးသရဲပြိတ္တာဘဝနဲပြန်ရောက်လာလေသလားချက်ချင်းအတွေးဝင်ကာထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။ အသက်(၆၅)နှစ်အရွယ် Julio ဟာ El Carmen ပြင်ပကွင်းပြင်တစ်ခုမှာပြီးခဲ့တဲ့တစ်ပတ်လောက်ကပျောက်ဆုံးသွားခဲ့တာပါ။ ဇနီးဖြစ်တဲ့ Victoria ဟာအိမ်နီးနားချင်းတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ

ရှာဖွေခဲ့ပေမယ့် ပြန်မတွေ့ခဲ့ပါဘူး။ ဒီဇင်ဘာ (၃၀) ရက်မှာ ခင်ပွန်းရဲ့မှတ်ပုံတင်တွေ၊ ဓာတ်ပုံတွေယူပြီးရဲစခန်းမှာလူပျောက်တိုင်ပါတယ်။အဲဒီနောက်ရဲစခန်းကမိုင်(၃၀)ဝေးတဲ့ Hospital de Occidente ဆေးရုံမှာအမည်မသိအမျိုးသားတစ်ဦးရဲ့အလောင်းရောက်နေကြောင်း၊ အသက်အရွယ်အားဖြင့်တော့ Julio ရဲ့အရွယ်လောက်ဖြစ်ပြီး၊ Julio လို့ယူဆရကြောင်းဆိုပါတယ်။ ဒါကြောင့် Victoria ကဈာပနဝန်ဆောင်မှုအဖွဲ့နဲ့ဘော်ဒီကိုရွာအထိခက်ခက်ခဲခဲသယ်ယူခဲ့ပါတယ်။

သူမဟာဈာပနအတွက်ပေါင် (၃၂၀)နဲ့ညီမျှတဲ့လမ်ပီရက်စ်ငွေ (၁၀၅၀၀)အထိကုန်ကျခဲ့ပြီး၊ နောက်တစ်ရက်မှကောင်းမွန်စွာသဂြိုဟ်ခဲ့ပါတယ်။ သို့သော်လည်းနောက်ထပ် (၄)ရက်အကြာမှာခင်ပွန်းက ပြန်ရောက်လာခဲ့တာပါ။ ဆိုရရင်အလောင်းချင်းမှား၊ အမှတ်လွဲပြီးတခြားအလောင်းတစ်ခုကို သဂြိုဟ်မိခဲ့တာဖြစ်ပါတယ်။ Julio ဟာထရီနီဒက်နယ်စပ် အနီးကကွင်းပြင်မှာနာမကျန်းအနေအထားနဲ့လဲကျနေတာကိုဒေသခံတွေကတွေ့ခဲ့တာဖြစ်ပါတယ်။ သူရဲ့အဆိုအရသူဟာ လမ်းလျှောက်ထွက်စဉ်အမောဖောက်ပြီးလဲကျခဲ့ကြောင်း၊အဲဒီမှာခြေထောက်တွေက ဒဏ်ရာရသွားလို့ ပြန်မထနိုင်ခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှာပင် အစာရေစာမရှိဘဲ (၃)ရက်ကြာလဲလျှောင်းနေခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီတော့မှ Hospital de Occidente ကလည်းသူတို့ပေးအပ်လိုက်တဲ့ ဘော်ဒီဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ(၂၇)ကဆုံးပါးခဲ့တဲ့ကိုဗစ်ဝေဒနာရှင် တစ်ဦးလို့ပြောခဲ့တာပါ။

ဆေးရုံသေစာရင်းမှာလည်း Julio ရဲ့အချက်အလက်တွေကိုထည့်သွင်းထားတာကိုအံ့သြဖွယ်တွေ့ရပါတယ်။ဝန်ထမ်းတွေကလည်းသေသူအား Julio ရဲ့ဓာတ်ပုံတွေနဲ့တိုက်ဆိုင်ကြည့်တော့တူညီနေလို့ အမှတ်မှားခဲ့တာလို့လည်း ရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် Victoria ကတော့ခင်ပွန်းကိုပြန်ရလို့ဝမ်းသာနေပါတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ်